Monday , November 12 2018
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများ / ကော်မတီ/အဖွဲ့ / အသင်း / ဒုတိယအကြိမ် (၂၀၁၅-၂၀၂၀) / တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်ရေးကော်မတီ

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်ရေးကော်မတီ

ဖွဲ့စည်းခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ-၂၃၊ ၂၄၊ ၂၅နှင့်အညီ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (အဋ္ဌမနေ့)ဖြစ်သော ၂၉-၃-၂၀၁၆ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီကော်မတီကို အောက်ပါတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

စဉ်အမည်မဲဆန္ဒနယ်ရာထူး
(၁)ဦးခင်မောင်ဝင်း ပုဇွန်တောင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)ဥက္ကဋ္ဌ
(၂)ဒေါ်ခိုင်မာဌေးလှိုင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(၃)ဒေါ်ကြည်ပြာကျောက်တံတားမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)အဖွဲ့ဝင်
(၄)ဦးကျော်မင်းဟန်လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)အဖွဲ့ဝင်
(၅)ဒေါ်ယဉ်ယဉ်မြင့်အလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)အဖွဲ့ဝင်
(၆)ဦးကျော်နန္ဒအောင်ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)အဖွဲ့ဝင်
(၇)ဦးရန်အောင်မင်း (ခ)ဦးဂေးမောင်ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)အဖွဲ့ဝင်
(၈)ဦးဇော်လွင်မြောက်ဥက်္ကလာပမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)အဖွဲ့ဝင်
(၉)ဒုတိယဗိုလ်မှူးကြီးရဲထွဋ်တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀) ဗိုလ်မှူးကျော်ကိုတပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်
(၁၁) ဒေါ်မိုးမိုးစုကြည် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) အတွင်းရေးမှူး

၂။ ဤကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂၊ ပုဒ်မခွဲ (ဇ) အရ တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဖြစ်သည်။
ကော်မတီ၏သက်တမ်း
၃။ ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်ပြီး တစ်နှစ်ပြည့်သည့်အခါ ပြန်လည်သုံးသပ်၍ လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုးတာဝန်ပေးအပ်သွားမည်ဖြစ်ပါသည်။
မေးခွန်းများနှင့်အဆိုများ
၎။ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို(၁၈-၅-၂၀၁၆)မှ (၁၆-၆-၂၀၁၆)နေ့အထိ (၈)ကြိမ်ကျင်းပပြီး ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း (၉၂)ခု၊ ကြယ်ပွင့် မပြမေးခွန်း(၃၉)ခု၊ အဆို(၆)ခုကိုမေးမြန်းတင်သွင်းခဲ့ပြီး အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၉၂)ခုတွင် (၆၅)ခုကို လွှတ်တော်တွင် လာရောက်ဖြေကြားပြီး ကျန်ရှိ သော မေးခွန်း(၂၇)ခုတွင် မေးခွန်း(၂၂)ခုကို စာဖြင့်ဖြေကြားကာ မေးခွန်း(၅)ခု ဖြေဆိုရန် ကျန်ရှိနေပါသည်။
(ခ ) ကြယ်ပွင့်မပြမေးခွန်း(၃၉)ခုတွင် (၃၂)ခုဖြေကြားပြီး မေးခွန်း(၇)ခု ဖြေဆိုရန်ကျန်ရှိနေပါ သည်။
(ဂ) အဆို(၆)ခုတွင် အဆို(၂)ခုကို လွှတ်တော်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆို(၄)ခုအား အတည်ပြုအောင်မြင်ခဲ့ပါသည်။
၅။ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို(၂၉-၉-၂၀၁၆)မှ (၂၆-၁၂-၂၀၁၆)နေ့အထိ (၂၃)ကြိမ်ကျင်းပပြီး ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း (၂၂၄)ခု၊ ကြယ်ပွင့် မပြမေးခွန်း (၄၉)ခု၊ အဆို(၁၀)ခုကို မေးမြန်းတင်သွင်းခဲ့ပြီး အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၂၂၄)ခုတွင် (၂၄၁)ခုကို လွှတ်တော်တွင် လာရောက်ဖြေကြားပြီး ကျန်ရှိသော မေးခွန်း(၃)ခုကို စာဖြင့်ဖြေကြားခဲ့ပါသည်။
(ခ ) ကြယ်ပွင့်မပြမေးခွန်း(၄၉)ခုတွင် (၃၇)ခုဖြေကြားပြီး မေးခွန်း(၁၂)ခု ဖြေဆိုရန်ကျန်ရှိနေပါ သည်။
(ဂ) အဆို(၁၀)ခုတွင် အဆို(၂)ခုကို လွှတ်တော်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆို(၇)ခုအား အတည်ပြုနိုင်ခဲ့ကာ ကျန်အဆို(၁)ခုအား အတည်မပြုခဲ့ပါ။
မေးခွန်းများ၊ အဆိုများနှင့်ပတ်သက်၍ ကော်မတီ၏ စိစစ်တွေ့ရှိချက်များ
၆။ ကြယ်ပွင့်ပြမေးခွန်း(၂၂၄)ခုတွင် (၂၃)ခုမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်အတွက် ကတိက၀တ်ဖြစ်၍ (၃၃)ခုမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်အတွက် ကတိက၀တ်ဖြစ်ပါသည်။ ကျန်မေးခွန်းများမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါသည်။
၇။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်မှ အတည်ပြုပြီးသော အဆို(၄)ခုအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မှုများ အပေါ် အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-
(က) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) (၁၈-၅-၂၀၁၆) ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်၏ “ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အသီးသီးတွင် ယခုလက်ရှိလုပ်ဆောင်နေသော အမှိုက်သိမ်းစနစ်အား သည်ထက်ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ်တစ်ခုကို အလေးထားလုပ်ဆောင်ပေးရန်နှင့် နောက်ဖေးလမ်းကြားတွင် စုပုံနေသောအမှိုက်များနှင့် ရေမြောင်းအတွင်း ပိတ်ဆို့နေသောအမှိုက်များကို လာမည့်မိုးရာသီအမှီ စီမံချက်ရေးဆွဲဆောင်ရွက် ပေးရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆို”နှင့်ပတ်သက်၍ အမှိုက်များ ကင်းစင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထိုက်အလျောက်စီမံ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရပါသည်။
(ခ ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)
၁၈-၅-၂၀၁၆ (ဗုဒ္ဓဟူးနေ့)တွင် လွှတ်တော်သို့တင်သွင်းသောအဆိုရှင် လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ “ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ လျော့နည်းကျဆင်းရေး အလျင်အမြန်ဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို” နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီး ဖြေရှင်းရန်ကြိုးစားနေသည် ကို စိစစ်တွေ့ရှိရပါသည်။
(ဂ ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ၂၆-၅-၂၀၁၆ (ကြာသပတေးနေ့)တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် လှိုင်သာယာ မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်၏ “တိုင်းဒေသကြီးအတွင်းရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သောဈေးများအား မြို့တော်စည်ပင်သာယာ(ဈေးများဌာန)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိပြီး ဈေးအင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ပေးပါရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို” နှင့်ပတ်သက်၍ ထောက်ခံဆွေးနွေး ခဲ့သော ကိုယ်စားလှယ်(၈)ဦး၏ ဆွေးနွေးချက်များအပေါ် အစိုးရ၏လုပ်ဆောင်ချက်များအား ကော်မတီမှ သက်ဆိုင်ရာကိုယ်စားလှယ်များကို မေးမြန်း၍ ပြန်လည် သုံးသပ်ချက်အရ ဆွေးနွေးချက်များထဲမှ အောက်ပါတို့အား လေ့လာစိစစ်တွေ့ရှိရပါသည်-
(၁) ဦးမိုးမြင့် (တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂))
(၂) ဦးဇင်မင်းထွေး (ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂))
(၃) ဦးရန်ရှင်း (မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂))
(၄) ဦးတင်ထွန်းနိုင် (ဒဂုံမြို့သစ် မဲဆန္ဒနယ်အမှတ်(၁))
(၅) ဦးရန်အောင်မင်း(ခ)ဦးဂေးမောင် ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဆွေးနွေးရာ၌ တင်ပြ ဆွေးနွေးသောရွှေပြည်သာမြို့နယ်ရှိ ၀ါးတရာဈေးအား မြို့နယ်နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဌာနမှ စည်ပင်သာယာရေးကော်မတီ(ဈေးများဌာန)ကို လွှဲအပ်ဖို့လိုနေသည့်ကိစ္စအပေါ်၌ လည်းကောင်း။
(၆) ဦးမြတ်မင်းသူ (လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂))မှ ဆွေးနွေးရာ၌ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာနပိုင် ရေဥက္ကံဈေးအတွင်းပိုင်း ပျက်စီးယိုယွင်းမှု လမ်းမပေါ် ဈေးဆိုင်ခန်းများ ရောင်းချနေမှုနှင့် အမှတ်(၁၈)ရပ်ကွက် ရွှေရင်အေးဈေးရှိ ပျံကျဈေးသည်များ၏ စည်းကမ်းပျက်မှုကြောင့် လမ်းဝင်လမ်းထွက်ခက်ခဲ နေမှုအပေါ် တင်ပြမှုများအပေါ်၌ လည်းကောင်း။
(၇) အဆိုရှင် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်၏ ဆွေးနွေးတင်ပြချက်တွင်ပါဝင်သည့် လှိုင်သာယာမြို့နယ်အတွင်းရှိ ဈေး(၈)ဈေးအား စည်ပင်သာယာ(ဈေးများဌာန)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိပြီး ဈေးအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ပေးပါရန် ဆွေးနွေးပြီးအဆို အောင်မြင်ခဲ့သော ဖော်ပြပါလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် မည်သည့်ဆောင်ရွက်မှုများမှ ယခုအချိန်ထိအချိန်မီ မဆောင်ရွက်နိုင်သေးကြောင်း ကော်မတီအနေနှင့် လေ့လာတွေ့ရှိရပါသည်။
(ဃ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် လွှတ်တော်သို့တင်သွင်းသောအဆိုရှင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်က “ အများ ပြည်သူပိုင်နေရာများကို အများပြည်သူများ ပြန်လည်ပိုင်ဆိုင်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို”အား ထောက်ခံဆွေးနွေးသော ကိုယ်စားလှယ်(၁၄) ဦး၏ ဆွေးနွေးချက်များအပေါ် အစိုးရ၏လုပ်ဆောင်ချက်များအား ကော်မတီမှ သက်ဆိုင် ရာကိုယ်စားလှယ်များကို မေးမြန်း၍ ပြန်လည်သုံးသပ်ချက်အရ အောက်ပါအတိုင်း တွေ့ရှိရပါသည်-
(၁) ဒေါ်သက်ထားနွယ်ဝင်း (သာကေတမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂))၏ ဆွေးနွေးချက် ဖြစ်သော သာကေတမြို့နယ် (၂)တောင်ရပ်ကွက်မှ ရွှေရပ်ဝန်းအိမ်ရာ ကုမ္ပဏီ၏ Fortune Palaza ကိစ္စနှင့်ပတ်သက်၍လည်းကောင်း။
(၂) ဦးသန်းနိုင်ဦး(ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ဆွေးနွေးချက်ဖြစ်သော မြောက်ဥက္ကလာပမြို့နယ်ရှိ ကန်သာယာပန်းခြံကိစ္စနှင့် ပတ်သက်၍လည်းကောင်း။
(၃) ဦးသိန်းမြင့်(တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဆွေးနွေးချက်ဖြစ်သော အချက်(၄)ချက်အပေါ်၌လည်းကောင်း။
(၄) ဒေါ်ခိုင်မာဌေး (လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဆွေးနွေးချက်ဖြစ်သော လှိုင်မြို့နယ်အတွင်းရှိ လှိုင်အားကစားကွင်း၊ လှိုင်အားကစားရုံ၊ (၁၁)ရပ်ကွက်ရှိ ရွှေဟင်္သာအားကစားကွင်း၊ (၇)ရပ်ကွက်ရှိမီးသတ်ရာတွင် အသုံးပြုသော မီးသတ် ရေကန်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း။
(၅) ဦးမိုးမြင့် (တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဆွေးနွေးချက်ဖြစ် သော တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်မှ ပန်းခြံနှင့် ကလေးကစားကွင်းကိစ္စ နှင့်ပတ်သက်၍လည်းကောင်း။
(၆) ဦးဇော်မိုးလွင် (ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁))၏ ဆွေးနွေးချက်များ ဖြစ်သောကျောက်တန်းမြို့၊ မြို့မပန်းခြံကိစ္စနှင့် သန်လျင်ကျောက်တန်းလမ်းမနှင့် အမှတ်(၂) ကုလားဝ အေးရှာဝေါ့လမ်းမကြီးဆုံရာ ပြည်သူပိုင်နေရာအား PI Power ဓါတ်ဆီဆိုင် ကုမ္ပဏီ ကိစ္စများနှင့်ပတ်သက်၍သော်လည်းကောင်း။
(၇) ဦးဇော်လွင် (မြောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ဆွေးနွေးချက်များ ဖြစ်သော မြောက်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ သန္တာ(၇)လမ်းအုပ်ချုပ်ရေးမှူး အနောက်ဘက်ရှိ မြေကွက်လပ်ကိစ္စနှင့် (၅)ရပ်ကွက်အတွင်း နွယ်နီ(၁၀)လမ်းနှင့် (၁၁)လမ်းကြား၌ရှိသော မီးတားအားကစားကွင်း ကိစ္စများနှင့် ပတ်သက်၍သော် လည်းကောင်း။
(၈) ဦးလှဌေး (မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဆွေးနွေးချက်များ ဖြစ်သော ပန်းခြံများနှင့်ပတ်သက်၍သော်လည်းကောင်း။
(၉) ဦးမြတ်မင်းသူ (လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဆွေးနွေးချက်များ ဖြစ်သော လှိုင်သာယာမြို့နယ်အတွင်းရှိ ပလပ်မြေကွက်များ၊ အားကစားကွင်းများ၊ ချောင်းရိုးတလျှောက်ရှိ ရေ၀င်ဧရိယာမြေကွက်များ၊ Unicef ရေတုံကင်မြေကွက်များ၊ ပန်းခြံမြေကွက်များကိစ္စနှင့် ပတ်သက်၍ သော်လည်းကောင်း။
(၁၀) ဦးကျော်ကျော်မောင် (ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဆွေးနွေးချက်များဖြစ်သော ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ မြေကွက်များ၊ ပလပ်မြေများနှင့်ပတ်သက်၍ သော်လည်းကောင်း၊ အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်ချက်တစ်စုံတစ်ရာမရှိသေးကြောင်း သက်ဆိုင်ရာကိုယ်စားလှယ်များ၏ ပြန်လည်ဖြေဆိုမှုအရသိရှိရပါသည်။ အဆိုရှင် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ် (သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ဆွေးနွေးချက်များတွင်ပါဝင်သော AKK Shopping Mall ဘေးလမ်းပေါ်ရှိစည်ပင်နှစ်ထပ် အဆောက်အဦးသည် ၀န်ထမ်းများ ဖယ်ရှားသွားပြီး ဖြစ်သော်လည်း အဆောက်အဦမှာ ယနေ့တိုင်ရှိ နေဆဲဖြစ်ခြင်းနှင့် (၁၆/၃)ရပ်ကွက် အားကစားကွင်း မြေမှာလည်း စီစဉ်ဆောင် ရွက်မှု တစ်စုံတစ်ရာမရှိသေးကြောင်း၊ ရပ်ကွက်နေပြည်သူများအကြား မြေပိုင် ဆိုင်မှု အငြင်းပွားမှုများရှိနေဆဲဖြစ်ကြောင်းလည်း စိစစ်တွေ့ရှိရပါသည်။
၈။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်မှ အတည်ပြုပြီးသော အဆို(၇)ခုအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မှုများ အပေါ် အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-
(က) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဩဩဩနေ့) (ဩဩဩဩ၂၀၁၆)ဩဩဩဩဩဩဩဩဩဩ နေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် လှိုင်သာယာမြို့နယ် မဲဆန်္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ချောင်းကြီး၊ မြောင်းကြီးရေဝေနေ ဧရိယာနှင့် ရေနုတ်မြောင်းများအား သတ်မှတ်ထားသည့် ဧရိယာမရှိပါက မူလသတ်မှတ် ထားသည့်အတိုင်း ပြန်လည်ဖော်ဆောင်ပေးရန်နှင့် သတ်မှတ်ထားခြင်းမရှိပါက တိကျစွာ သတ်မှတ်နိုင်ရန် တိုက်တွန်းကြောင်းအဆို” ကို ကိုယ်စားလှယ် (၁၂)ဦးမှ ထောက်ခံ ဆွေးနွေးပြီး စည်ပင်သာယာဝန်ကြီးမှ ပြည်ထောင်စုအဆင့် ဆုံးဖြတ်ချက်ကို တိုင်းအနေ နှင့် အကောင်အထည်ဖော်ရမှာဟု ဖြေကြားချက်အပေါ် အဆိုရှင်မှ ၀န်ကြီးတစ်ဦး တစ်ယောက်တာဝန်မဟုတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရမဲ့ကိစ်္စ ဖြစ်သောကြောင့် တိုင်းအတွင်းနေထိုင်တဲ့ ပြည်သူတွေရဲ့ အကျိုးကိုရှေးရှုပြီး ဆောင်ရွက် ပေးရမှာဖြစ်တဲ့အတွက် လွှတ်တော်အဆုံးအဖြတ် ရယူအတည်ပြုခဲ့ပါတယ်။
(ခ ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဩဩဩနေ့) (ဩဩဩဩ၂၀၁၆)ဩဩဩဩဩဩဩဩဩဩနေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန်္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်္ဒာမင်း ၏ “စာရင်းစစ်ချုပ်အစီရင်ခံစာ၌ အသေးစိတ်ဖော်ပြပေးပါရန် တိုက်တွန်း ကြောင်းအဆို”ကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ထောက်ခံဆွေးနွေးပြီး အဆိုရှင် ဒေါ်စန်္ဒာမင်း ၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏အစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့အစည်းများ၊ ဌာနများ၏ ထူးခြားသောအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ပြည့်စုံစွာ ဖော်ပြ ပေးရန် တင်ပြချက်ကို တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွင် ထူးခြားချက်များကို ပြည့်စုံစွာ ဖော်ပြပေးမည်ဟု ဖြေကြားထားသဖြင့် လွှတ်တော်မှ အတည်ပြုခဲ့ပါသည်။
(ဂ ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (——–နေ့) (———–၂၀၁၆)————- နေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၏ “ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို အဆင်ပြေအောင်မြင်နိုင်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သော တရာသူကြီးများ၊ ဥပဒေ၀န်ထမ်းများ၊ ရဲဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော အထွေထွေအကျိုးခံစားခွင့်များ၊ လုပ်ငန်းအထောက်အကူပြု ခတ်မှီပစ္စည်းများ ထောက်ပံ့ ရေး၊ ၀န်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းပေးရေး၊ ၀န်ထမ်းအိမ်များ ပြုပြင်ခြင်းနှင့် တိုးချဲ့ တည်ဆောက်ခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် သက်ဆိုင်ရာဌာနများအား တိုက်တွန်းကြောင်းအဆို” ကို လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးမှ ထောက်ခံဆွေးနွေးပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ မှတ်တမ်းတင်ပေးပါရန် ပြောကြားချက်အပေါ် အဆိုရှင်မှ လွှတ်တော်အဆုံးအဖြတ်ရယူပေးပါရန် တောင်းဆိုသဖြင့် လျှို့ဝှက် မဲပေးနည်းဖြင့် ထောက်ခံမဲ(၅၈)မဲ၊ ကန့်ကွက်မဲ(၄၅)မဲ၊ ပယ်မဲ(၄)မဲဖြင့် လွှတ်တော်မှ အတည်ပြုခဲ့ပါသည်။
(ဃ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (———–နေ့) (———-၂၀၁၆) —————- နေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ၏ “ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် အသုံးပြုနေသော ကယ်ရီယာဉ်များ အပါအ၀င် မော်တော်ယာဉ်များအားလုံးအတွက် လိုအပ်သည့် ဒေသန်္တရ အမိန့်များ ထုတ်ပြန်နိုင်ရေးနှင့် လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူပေးနိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို”ကို လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးမှ ထောက်ခံဆွေးနွေးပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒအတိုင်း မဲခွဲပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရန် ဖြေကြားချက်ကြောင့် လျှို့ဝှက်မဲပေးနည်းဖြင့် ထောက်ခံမဲ(၆၆)မဲ၊ ကန့်ကွက်မဲ(၃၉)မဲ၊ ပယ်မဲ(၁)မဲဖြင့် လွှတ်တော်မှ အတည်ပြုခဲ့ပါသည်။
(င ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(———-နေ့) (———-၂၀၁၆) ———— နေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းဝင်း ၏ “မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ငန်းခွင်တွင် စံချိန်စံညွှန်းပြည့်မီစွာ အနီးကပ် အဆင့်ဆင့် ကြီးကြပ်စစ်ဆေးရန် တတိယပါတီ (Third Party) ထားရှိဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍတိုးတက် ရရှိအောင် ဆောင်ရွက်ပေးနိုင်ကြောင်းအဆို”ကို လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ထောက်ခံဆွေးနွေးပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ပြည်ထောင်စုအဆင့် အဆိုဖြစ်ကြောင်း ဖြေကြားချက်အပေါ် အဆိုရှင်မှ ဆောက်လုပ်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်စစ်ဆေးနိုင်ရန်အတွက် (Third Party) ထားရှိဆောင်ရွက်ရန် ပုဒ်မ(၆၈)အရ ဤလွှတ်တော်မှ အတည်ပြုပြီး လွှတ်တော်ဥက္ကဋ္ဌကြီးက လွှတ်တော်ကိုယ်စား နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပေးပို့ ဆောင်ရွက်ပေးရန် လေးစားစွာ အဆိုပြုတင်ပြ ထားချက်အား လွှတ်တော်အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ပါသည်။
(စ ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(——–နေ့) (—————၂၀၁၆) —————- နေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် ကျောက်တံတား မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ ၏ “ရန်ကုန်မြို့အတွင်း အများပြည်သူပိုင်လမ်းများပေါ်တွင် ဈေးရောင်း၍ အသက်မွေးနေသော ဈေးသည်များအား မြို့ပြအင်္ဂါရပ်နှင့်အညီ စနစ်တကျ ဈေးရောင်းချနိုင်ရန် ကောင်းမွန်သော အစီအမံများ စီမံပေးပါရန် တိုက်တွန်းကြောင်းအဆို”ကို လွှတ်တော် ကိုယ်စားလှယ် (၈)ဦးမှ ထောက်ခံဆွေးနွေးပြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ စီမံဆောင်ရွက်မည်ဟု ဖြေကြားချက်အား လွှတ်တော်အဆုံး အဖြတ်ဖြင့် အတည်ပြုခဲ့ပါသည်။
(ဆ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး( ——————- နေ့) (—————၂၀၁၆) ——————– နေ့တွင် လွှတ်တော်သို့တင်သွင်းသော အဆိုရှင် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအတွင်းမှထွက်ရှိသော ရေဆိုးစွန့်ပစ်မှုများအား အရေးယူ ဆောင်ရွက်ပေးရန်အဆို”ကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးမှ ထောက်ခံဆွေးနွေးပြီး စည်ပင်သာယာရေးဝန်ကြီးမှ လုပ်ငန်းရှင်များ၊ စက်မှုဇုန်များ၏ ပူးပေါင်းပါဝင်မှုအားနည်းခြင်း၊ လူမှုရေး နားလည်မှုအားနည်းခြင်း၊ ကိုယ်ကျိုးအတွက် ကြည့်လွန်းခြင်း၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းတွေကို အကောင်အထည်ဖော်မှု အားနည်းခြင်းတွေ ရှိတဲ့အတွက် အဆိုကို လေးလေးနက်နက် ထောက်ခံကြောင်း ဖြေကြားသဖြင့် အတည်ပြုခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်များ
၉။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံ ချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် ကျောက်တန်းမြို့နယ်ရှိ ပင်လယ်သောင်ထွန်းမြေ၊ ချောင်းကော၊ မြောင်းကောမြေများကိစ်္စနှင့်ပတ်သက်၍ ကွင်းဆင်း စိစစ်ရန် (၁၆-၅-၂၀၁၆)ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။ (၂၃-၇-၂၀၁၃)ရက်နေ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်(ဆဋ္ဌမ) ပုံမှန်အစည်းအဝေးတွင် ကျောက်တန်း မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရွှေ၏ မေးခွန်းဖြစ်သော “ကျောက်တန်းမြို့နယ်၊ ပင်လယ်သောင်ထွန်းမြေ၊ ချောင်းကော၊ မြောင်းကော မြေများ ပိုင်ဆိုင်ခွင့်(လုပ်ပိုင်ခွင့်)ကို မည်သည့်ဌာနမှ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ချထားသည်ကို သိရှိရန် လည်းကောင်း၊ သောင်ထွန်းမြေ၊ ပင်လယ်သောင်ထွန်း၊ ချောင်းသောင်ထွန်းနှင့် ချောင်းကော၊ မြောင်းကောမည်မျှရှိ၍ မည်သည့်နေရာကို မည်သည့်အဖွဲ့အစည်းမှ ဥပဒေနှင့်အညီ ချပေးထားပြီးဖြစ်ကြောင်း” သိလိုသောမေးခွန်း နှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဥပဒေနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့သော်လည်း ယနေ့အထိဆောင်ရွက်ခြင်း မရှိသည့်အပေါ် ကော်မတီမှ (၁၆-၅-၂၀၁၆)ရက်နေ့တွင် ဒေသဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ကွင်းဆင်းလေ့လာသုံးသပ်ပြီး သက်ဆိုင်ရာဌာနများမှ ဦးစီးမှူးများနှင့် ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးထံသို့ အစီရင်ခံစာကို (၂၃-၆-၂၀၁၆)ရက်နေ့တွင် တင်ပြပြီးဖြစ်ပါသည်။ကော်မတီအနေနှင့် ကျောက်တန်းမြို့နယ်၊ မုတ္တမပင်လယ်ကွေ့ သောင်ထွန်းမြေများနှင့်ပတ်သက်၍ ပြည်သူများ၏ တင်ပြချက်များအရ ဒေသခံပြည်သူများ အခွင့်အရေးဆုံးရှုံးနေသည်မှာ မှန်ကန်ကြောင်း သုံးသပ်စစ်ဆေး တွေ့ရှိရပါသည်။ သက်ဆိုင်ရာတာဝန်ရှိသော ဌာနဆိုင်ရာများမှ တရားဝင်စာရင်းဇယားများကို မြေပြင်စာရင်း ကောက်ယူပြီးဖြစ်သော်လည်း လက်မှတ်ရေးထိုး တာဝန်ယူတင်ပြနိုင်ခြင်း မပြုလုပ်သည်မှာလည်း သံသယဖြစ်ဖွယ်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
(ခ ) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံ ချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် လွှတ်တော်ဥက္ကဋ္ဌကြီးထံတင်ပြပြီး (၂၄-၆-၂၀၁၆)နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တောင်ပိုင်းရပ်ရှိ စည်ပင်သာယာရေးပိုင် ကြက်မွေးမြူရေးခြံသို့ သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၂) ဒုတိယနေ့(၂၅-၄-၂၀၁၂)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း မေးမြန်းသည့် “မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ကြက် မွေးမြူရေးစခန်းအား ပြည်သူလူထုကျန်းမာရေး၊ လေကောင်းလေသန့်ရရှိစေရေး၊ တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သောရောဂါများ ကင်းဝေးစေရေးအတွက် လူနေရပ်ဝန်းနှင့် ဝေးကွာသော မွေးမြူရေးဇုန်ကြီးများသို့ ပြောင်းရွှေ့နေရာချထားပြီး ယင်းနေရာအား မြို့ရွာဖွံ့ဖြိုးရေးအတွက် ကုန်စိမ်းဈေးကြီးသော်လည်းကောင်း၊ မြို့မအားကစားကွင်းကြီး သော်လည်းကောင်း၊ ပြည်သူ့ဆေးရုံကြီးသော်လည်းကောင်း လျာထားသတ်မှတ်နိုင်မှု အစီအစဉ်ရှိ/မရှိ” မေးခွန်းအပေါ် ယခင်စည်ပင်သာယာရေးဝန်ကြီးမှ “သင့်လျော်သည့် နေရာသို့ပြောင်းရွှေ့ရန် စီမံဆောင်ရွက်လျှက်ရှိကြောင်း၊ ပြောင်းရွှေ့ပြီးပါက ၎င်းနေရာအား မြို့ပြစီမံကိန်းတွင် ထည့်သွင်းရေးဆွဲပြီး အများပြည်သူအကျိုးရှိမည့် စီမံကိန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” လွှတ်တော်တွင် ဖြေကြားခဲ့သော်လည်း ပထမ အကြိမ်လွှတ်တော်သက်တမ်းကာလ ကုန်ဆုံးသည်အထိ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသဖြင့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ ဒေသဆိုင်ရာ တိုင်းဒေသကြီးကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ကွင်းဆင်းလေ့လာ သုံးသပ်ပြီး မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဌာနဆိုင်ရာဦးစီး ဌာနမှူးများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
(ဂ ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိ က၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် လွှတ်တော်ဥက္ကဋ္ဌကြီး၏ ခွင့်ပြုချက်ဖြင့် (၂၆-၈-၂၀၁၆ မှ ၃၁-၈-၂၀၁၆) နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ခရိုင်(၄)ခုဖြစ်သော အရှေ့ပိုင်းခရိုင် (ပုဇွန်တောင်မြို့နယ်)၊ အနောက်ပိုင်းခရိုင် (လှိုင်မြို့နယ်)၊ တောင်ပိုင်းခရိုင် (ဒလမြို့နယ်)၊ မြောက်ပိုင်းခရိုင် (ရွှေပြည်သာမြို့နယ်)တို့၏ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးများသို့ ရုံးလုပ်ငန်းများနှင့် လုပ်ထုံး လုပ်နည်း၊ မူဝါဒ၊ အဆောက်အဦများ၊ ပရိဘောဂများအား လေ့လာသုံးသပ်ခဲ့ပါသည်။ ကော်မတီ၏လေ့လာသုံးသပ်ချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးများတွင် အရေးကြီးစာရွက်စာတမ်း၊ အချက်အလက်များ သိမ်းဆည်း ထားသိုမှုစနစ်ကိုလေ့လာရာ၌ အောက်ပါအတိုင်း လေ့လာတွေ့ရှိ၊ သုံးသပ်၊ အကြံပြုအပ် ပါသည်-
(၁) ဘာဝဘေးအန္တရာယ်များကျရောက်ပါကလွယ်ကူစွာပျက်စီးပျောက်ပျက်နိုင်ခြင်း။
(၂) အချက်အလက်များအား စာရွက်စာတမ်းများဖြင့် မှတ်တမ်းဝင်သိမ်းဆည်းရ သောကြောင့် ထုထည်ပမာဏကြီးမားပြီး နေရာများစွာယူနေ၍ သဘာဝဘေး အန္တရာယ် ကျရောက်ပါက လွယ်ကူစွာ ပြောင်းရွှေ့ရန်ခက်ခဲခြင်း။
(၃) ရုံးလုပ်ငန်းများလုပ်ဆောင်ရာတွင်လည်းကောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရန် အချက်အလက်ရှာဖွေရာတွင်လည်းကောင်း လျှင်မြန်စွာရှာမတွေ့နိုင်ခြင်း။
(၄) နှစ်ကာလကြာမြင့်လာသော စာရွက်စာတမ်းများမှာ ဆွေးမြေ့ဟောင်းနွမ်းပေါက်ပြဲ ကုန်၍ အချက်အလက်များ မထင်ရှားတော့ခြင်း စသည်ဖြင့် အားနည်းချက်များကို လေ့လာတွေ့ရှိရပါသည်။
(၅) သို့ဖြစ်ပါ၍အချက်အလက်များ သိမ်းဆည်းထားနိုင်မှုစနစ် ပိုမိုလုံခြုံ၍ ထုထည် ပမာဏမကြီးမားဘဲ နေရာများစွာမယူသော တစ်မြို့နှင့်တစ်မြို့၊ တစ်နေရာနှင့် တစ်နေရာ အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်သောစနစ် ထူထောင်ထားသင့်ပါသည်။ ဘဏ္ဍာငွေပမာဏ အနည်းငယ်သာ ကုန်ကျ၍ အချက်အလက် (DATA) များ သိမ်းဆည်းရာတွင် ကျစ်လစ်၊ လုံခြုံ၊ လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးများတွင် (HARD DISK) ပမာဏ မြင့်မားသော (PC) များဖြင့် (DATA) သိမ်းဆည်းရန်၊ မြို့နယ်များမှ (DATA) အချက်အလက်များကို တိုင်းဒေသကြီးဦးစီးမှူးရုံးများတွင် SERVER/ Router / Switch များအသုံးပြု၍ (Network) ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြင့် (လ၀က) လုပ်ငန်းများ လွယ်ကူလုံခြုံလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

About administrator

Check Also

လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများကော်မတီ

Leave a Reply

Your email address will not be published. Required fields are marked *