Saturday , August 15 2020
Breaking News
Home / မေးခွန်းများ

မေးခွန်းများ

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်နည်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“ အလုံမြို့နယ်၊ သိပ္ပံဈေးသစ်(ဆင်မင်းဈေး) အဆင့်မြင့်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို နေကမ္ဘာမြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်း၍ (၈)ထပ် အဆောက်အဦကို ၅.၈.၂၀၁၂ ရက်နေ့တွင် စတင်တည်ဆောက်၍ …

Read More »

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက် အတွင်း စာသင်ကျောင်းဆောက်လုပ်ရန် မြေနေရာ ရှိသော်လည်း ပညာရေး အမည်ပေါက် မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမြန်ဆုံး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်မေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက“ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက်အတွင်း စာသင်ကျောင်း ဆောက်လုပ်ရန် မြေနေရာရှိသော်လည်းပညာရေး အမည်ပေါက် မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က အမြန်ဆုံး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည် ” ကို မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက“ အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀) ရပ်ကွက်နှင့် အနီးဆုံးဖြစ်သော (၈၇) ရပ်ကွက် မူလွန်(၅)၊ (၈၈) ရပ်ကွက်တွင် အထက(၁)၊ မူလွန် (၂)နှင့် အမက(၁)၊ (၈၉) ရပ်ကွက်တွင် အထက …

Read More »

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန အောက်ရှိ ရပ်ကွက်အားကစားကွင်းအား ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ အဆင်ပြေစွာ ကစားနိုင်ရေးအတွက် အားကစားကွင်း အတွင်း/အပြင် နှစ်ဖက် လုံးအား အဆင့်မြှင့်တင် မွမ်းမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနအောက်ရှိ ရပ်ကွက်အားကစားကွင်းအား ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ အဆင်ပြေစွာ ကစားနိုင်ရေးအတွက် အားကစားကွင်း အတွင်း/အပြင် နှစ်ဖက်လုံးအား အဆင့်မြှင့်တင် မွမ်းမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅) ရပ်ကွက်၊ ကစားကွင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော အားကစားကွင်းဖြစ်ပြီး ဌာနမှ ကြီးကြပ်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ …

Read More »

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားခြင်းများတွင် မည်သည့်တိုင်းရင်းသားစာပေများကို သင်ကြား ပေးနေပါသနည်း၊ ကျောင်းသား/သူအရေအတွက် မည်မျှသင်ယူနေပါသနည်း၊ သာမန်စာသင်ချိန်များနှင့်တိုင်းရင်းသားစာပေသင်ကြားချိန်များကို မည်ကဲ့သို့ စီမံခန့်ခွဲပေးနေပါသနည်း၊ တိုင်းရင်းသားစာပေသင်ကြားမှု၏ ရလဒ်များသည် အောင်မြင်တိုးတက်မှု ရှိပါသလားမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၈  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင်  အင်းစိန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားခြင်းများတွင် မည်သည့်တိုင်းရင်းသားစာပေများကို သင်ကြား ပေးနေပါသနည်း၊ ကျောင်းသား/သူအရေအတွက် မည်မျှသင်ယူနေပါသနည်း၊ သာမန်စာသင်ချိန်များနှင့်တိုင်းရင်းသားစာပေသင်ကြားချိန်များကို မည်ကဲ့သို့ စီမံခန့်ခွဲပေးနေပါသနည်း၊ တိုင်းရင်းသားစာပေသင်ကြားမှု၏ ရလဒ်များသည် အောင်မြင်တိုးတက်မှုရှိပါသလား ”ကို မေးမြန်းရာ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ စကောကရင်၊ အနောက်ပိုးကရင်၊ ရှမ်းစာပေနှင့် အရှို၊ ချင်းစသည့် တိုင်းရင်းသားစာပေများကို သင်ကြားနေပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြားသင်ယူမှုကို …

Read More »

လှိုင်သာယာမြို့နယ်အတွင်း ယခုလက်ရှိကျင့်သုံးနေသည့် အမှိုက်သိမ်းစနစ်များထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုစနစ်ကိုရှေးရှုသည့် အမှိုက်သိမ်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၈  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင်  လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက “လှိုင်သာယာမြို့နယ်အတွင်း ယခုလက်ရှိကျင့်သုံးနေသည့် အမှိုက်သိမ်းစနစ်များထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုစနစ်ကိုရှေးရှုသည့် အမှိုက်သိမ်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက် ပေးမည်၊ ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည် ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“  မေးခွန်းနှင့်စပ်လျဉ်း၍ လှိုင်သာယာမြို့နယ်သည် ၂၆.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၀)ရပ်ကွက်၊ ကျေးရွာ (၉)ရွာ၊ လူဦးရေ (၁၀)သိန်းခန့်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး …

Read More »

သင်္ဃန်းကျွန်းမြို့နယ်ရှိ လက်ဆည် ကန်ကြီး၏ဘေး ကျွန်းမာလာပန်းခြံ၏အနီးအနားနေရာတွင် အမှိုက်များစုပုံ သိမ်းဆည်းရာနေရာတစ်ခု ရှိနေပါသောကြောင့် မြို့၏လှပမှုကို ဖျက်ဆီးနေသဖြင့် အဆိုပါနေရာအစား အခြားသင့်တော်ရာနေရာသို့ ရွှေ့ပြောင်း ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၈  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင်  သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်က “ သင်္ဃန်းကျွန်းမြို့နယ်ရှိ လက်ဆည်ကန်ကြီး၏ဘေး ကျွန်းမာလာပန်းခြံ၏ အနီးအနား နေရာတွင် အမှိုက်များစုပုံ သိမ်းဆည်းနေရာတစ်ခုရှိနေပါသောကြောင့် မြို့၏လှပမှုကို ဖျက်ဆီးနေသဖြင့် တို့ကြောင့် အဆိုပါနေရာအစား အခြားသင့်တော်ရာနေရာသို့ ရွှေ့ပြောင်း ပေးရန် အစီအစဉ်ရှိ/မရှိ ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“ မေးခွန်းနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း မြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၄.၄၄ စတုရန်းမိုင် ကျယ်ဝန်းပြီး တစ်ရက်လျှင် အမှိုက်ထွက်ရှိမှုမှာ (၁၀၆) တန်ခန့်ထွက်ရှိပါကြောင်း၊ …

Read More »

စားသောက်ဆိုင်များရှိ ချက်ပြုတ်သူများကို ပြည်သူများ သန့်ရှင်းကျန်းမာစေသော အစားအသောက် ဝန်ဆောင်မှုများ ပီပြင်စွာ ရရှိရန် အသိအမှတ်ပြုလက်မှတ်များဖြင့် ထိန်းကျောင်းရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၈  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင်  လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က “စားသောက်ဆိုင်များရှိ ချက်ပြုတ်သူများကို ပြည်သူများ သန့်ရှင်းကျန်းမာစေသော အစားအသောက် ဝန်ဆောင်မှုများအား ပီပြင်စွာ ရရှိရန် အသိအမှတ်ပြုလက်မှတ်များဖြင့် ထိန်းကျောင်းရန် အစီအစဉ် ရှိ/မရှိ ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“စားသောက်ဆိုင်များရှိ ချက်ပြုတ်သူများကို ပြည်သူများ သန့်ရှင်းကျန်းမာစေသော အစားအသောက် ဝန်ဆောင်မှုများအား ပီပြင်စွာရရှိရန် အသိအမှတ်ပြု လက်မှတ်များဖြင့် ထိန်းကျောင်းရန် အစီအစဉ်ရှိပါကြောင်း၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနသည် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းခြင်း၊ စားသောက်ဆိုင်များ၊ ဘေးအန္တရာယ်ရှိသော လုပ်ငန်းများ စစ်ဆေးခြင်းနှင့် …

Read More »

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရတနာလမ်းမကြီးကို ပြည်သူများ သွားလာရေးလွယ်ကူစေရေးအတွက် ကွန်ကရစ်လမ်းခင်းပေး နိုင်ပါရန် အစီအစဉ်ရှိ/မရှိ နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကျားကြီးချောင်းမှ သရက်ပင်ချောင်ကျေးရွာအထိ ဖောက်လုပ်ထားသော ပဲခူးမြစ်ကမ်းနား ပတ်လမ်းကြီးမှာ အလွန်ဆိုးရွားနေပါသဖြင့် ပြည်သူများ သွားလာရေး လွယ်ကူစေရေးအတွက် ကွန်ကရစ်လမ်းခင်းပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၇  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက “ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရတနာလမ်းမကြီးကို ပြည်သူများ သွားလာရေးလွယ်ကူ စေရေးအတွက် ကွန်ကရစ်လမ်းခင်းပေး နိုင်ပါရန် အစီအစဉ်ရှိ/မရှိ”ကို မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က“  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရတနာလမ်းမကြီးကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ရတနာလမ်းမကြီး  ပဲခူးမြစ်လမ်းဆုံမှ  တိုင်းရင်းသားကျေးရွာအနီး ဆိပ်ကမ်းသာလမ်းအထိ ရတနာနှင်းဆီအိမ်ရာရှေ့လမ်း အပိုင်းကို မူလ (၄)လမ်းသွားလမ်းမ၊ (၆)လမ်းသွားလမ်းမအဖြစ် တိုးချဲ့ပြုပြင်ထားပြီး ဖြစ်ပါကြောင်း၊ ရတနာလမ်းမကြီး ၊ ပဲခူးမြစ်လမ်းမကြီးမှ ကွမ်အစ်သားလမ်းမကြီးအထိ ကွမ်အစ်သားလမ်းအထိ …

Read More »

လသာမြို့နယ် ၂ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်းထောင့်ရှိ လမ်းမတော်ပလာဇာ အဆောက်အဦတွင် အများ ပြည်သူအရေးပေါ်ထွက်ပေါက်အဖြစ်အသုံးပြုနေသော Roof Slab များကို မည်သူပိုင်ဆိုင်စီမံခန့်ခွဲခွင့်ရှိသနည်း၊ လမ်းမတော်ပလာဇာတွင် နေထိုင်သူများ အတွက် မူလဝယ်ယူစဉ်က ကားပါကင်ပါသော်လည်း ကားပါကင်ကြေး ကောက်ခံမှုရှိသောကြောင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ လမ်းမတော်ပလာဇာ မြေအောက်ထပ်ရှိ ကားပါကင် နေရာကို ကောင်းမွန်စွာအသုံးပြုနိုင်ရန် မည်သူက တာဝန်ယူပြန်လည် တည်ဆောက်မည်ကိုမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၄  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင်  လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “လသာမြို့နယ် ၂ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်းထောင့်ရှိ လမ်းမတော်ပလာဇာ အဆောက်အဦတွင် အများ ပြည်သူအရေးပေါ်ထွက်ပေါက်အဖြစ်အသုံးပြုနေသော Roof Slab များကို မည်သူပိုင်ဆိုင်စီမံခန့်ခွဲခွင့်ရှိသနည်း၊ လမ်းမတော်ပလာဇာတွင် နေထိုင်သူများ အတွက် မူလဝယ်ယူစဉ်က ကားပါကင်ပါသော်လည်း ကားပါကင်ကြေး ကောက်ခံမှုရှိသောကြောင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ လမ်းမတော်ပလာဇာ မြေအောက်ထပ်ရှိ ကားပါကင် နေရာကို ကောင်းမွန်စွာအသုံးပြုနိုင်ရန် မည်သူက တာဝန်ယူပြန်လည် တည်ဆောက်မည် ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး …

Read More »

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက် ပင်လုံ လမ်းမကြီးနှင့် အမှတ်(၂)လမ်းမကြီးဘေး ရွာသာကြီး ကညနရုံးအရှေ့ရှိ ကရုဏာလမ်းမကြီးအား ခင်းကျင်းပေးရန်  အစီအစဉ်ရှိ/မရှိကိုမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၇  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက“ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက် ပင်လုံလမ်းမကြီးနှင့် အမှတ်(၂) လမ်းမကြီးဘေး ရွာသာကြီး ကညနရုံးအရှေ့ရှိ ကရုဏာလမ်းမကြီးအား ခင်းကျင်းပေးရန်  အစီအစဉ်ရှိ/မရှိ”ကို မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က “မေးခွန်း(၁)နှင့်စပ်လျဉ်း၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေများတောင်းခံရာတွင် ယခင်နှစ်များက ကြယ်ပွင့်ပြမေးခွန်းနှင့်တောင်းခံထားသော တောင်ဒဂုံမြို့နယ်၊ ပြည်ထောင်စုတက္ကသိုလ်နောက်ကျောလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ထည့်သွင်း တောင်းခံခဲ့ပြီး ရန်ပုံငွေရရှိပြီးဖြစ်၍ လုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုမေးမြန်းထားသော တောင်ဒဂုံစက်မှုဇုန်ရှေ့ ပင်လုံလမ်းမကြီးပျက်စီးနေမှုအတွက် နောက်ဘဏ္ဍာရေးနှစ် …

Read More »