Monday , May 25 2020
Breaking News

ဒုတိယအႀကိမ္ (၂၀၁၅-၂၀၂၀)

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ ပုံမှန်အစည်းအဝေး(၂၆/၂၀၁၉) ကျင်းပ

  ရန်ကုန် ၊ အောက်တိုဘာလ ၁၀ ရက် ၊ ၂၀၁၉ ခုနှစ်   ၁၆.၁၀.၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရုံးခန်း၌ ပုံမှန်အစည်းအဝေး(၂၆/၂၀၁၉)အား ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read More »

ဥပဒေကြမ်းကော်မတီအစည်းအဝေးအမှတ်စဉ်(၇၀/၂၀၁၉)အားကျင်းပပြုလုပ်

  ရန်ကုန်             ၊  အောက်တိုဘာလ ၁၆ ရက် ၊ ၂၀၁၉ ခုနှစ် ၁၆.၁၀.၂၀၁၉ ရက်နေ့ ၊ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးသော်တာအောင်နှင့် …

Read More »

လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီမှ လှိုင်မြို့နယ်၊ မဟာဆွေကွန်ဒိုကိစ္စ

      ရန်ကုန်             ၊ အောက်တိုဘာလ ၁၀  ရက် ၊ ၂၀၁၉ ၁၀.၁၀.၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီမှ (၁၂:၀၀) နာရီအထိ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသာအောင် ၊ အတွင်းရေးမှူး ဦးညီညီနှင့် ကော်မတီအဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ မဟာဆွေကွန်ဒိုတွင် နေထိုင်ကြသူများနှင့် IGreen Developer တည်ဆောက်သူတို့ကြား အငြင်းပွားနေမှု တင်ပြစာကိစ္စနှင့် စပ်လျဉ်း၍ ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ခန်းအိမ်ရာ ဥပဒေရေးဆွဲရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း

  ရန်ကုန် ၊ အောက်တိုဘာလ ၁၀ ရက် ၊ ၂၀၁၉ ၁၀.၁၀.၂၀၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ရန်ကုန်တိုင်းဒေသကြီ ၊ တိုက်ခန်းအိမ်ရာဥပဒေရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှု ရေးရာကော်မတီတို့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှု ရေးရာကော်မတီကော်မတီ အတွင်းရေးမှူး ဦးဝေဖြိုးဟန်၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ ပုံမှန်အစည်းအဝေး(၂၅/၂၀၁၉) ကျင်းပ

  ရန်ကုန် ၊ ‌အောက်တိုဘာလ ၁၀ ရက် ၊ ၂၀၁၉ ခုနှစ် ၁၀.၁၀.၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရုံးခန်း၌   ပုံမှန်အစည်းအဝေး(၂၅/၂၀၁၉)အား ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း၊ အတွင်းရေးမှူး ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read More »

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပုံမှန်အစည်းအဝေး ၄၂/၂၀၁၉ ကျင်းပ

  ရန်ကုန် ၊ အောက်တိုဘာလ ၉ ရက် ၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပုံမှန်အစည်းအဝေး (၄၂/၂၀၁၉) အား ၉.၁၀.၂၀၁၉ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်ထိ ကော်မတီရုံးခန်းတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များသည် ဝင်စာများအားဖတ်ကြားဆွေးနွေးခြင်း၊ ကွင်းဆင်းမည့်လုပ်ငန်းအစီအစဉ်များ ဆွေးနွေးခြင်းနှင့် ဒသမပုံမှန်အစည်းအဝေး (၁၂)ရက်နေ့မြောက်နေ့မှ (၁၅)ရက်နေ့မြောက်အထိ မေးမြန်းခဲ့သော ကြယ်ပွင့်ပြမေးခွန်းများအား ကတိကဝတ်အဖြစ် ရှင်းလင်းချက်များ စိစစ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Read More »

ဥပဒေကြမ်းကော်မတီအစည်းအဝေးအမှတ်စဉ်(၆၈/၂၀၁၉)အားကျင်းပပြုလုပ်

  ရန်ကုန်             ၊  အောက်တိုဘာလ ၉ ရက် ၊ ၂၀၁၉ ခုနှစ် ၉.၁၀.၂၀၁၉ ရက်နေ့ ၊ (ဗုဒ္ဓဟူးနေ့) (၁၂:၀၀) နာရီမှ နေ့လယ် (၁၄:၃၀) နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးသော်တာအောင်နှင့် ဥပဒေရေးရာလေ့လာသုံးသပ်ရေး အဖွဲ့ဝင်များက …

Read More »

ဥပဒေကြမ်းကော်မတီအစည်းအဝေးအမှတ်စဉ်(၆၈/၂၀၁၉)အားကျင်းပပြုလုပ်

  ရန်ကုန် ၊ အောက်တိုဘာလ ၈ ရက် ၊ ၂၀၁၉ ခုနှစ် ၇.၁၀.၂၀၁၉ ရက်နေ့ ၊ (တနင်္လာနေ့) နေ့လယ် (၁၂:၀၀) နာရီမှ နေ့လယ် (၁၄:၃၀) နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့တို့မှ ၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးသော်တာအောင်နှင့် ဥပဒေရေးရာလေ့လာသုံးသပ်ရေး အဖွဲ့ဝင်များက …

Read More »

ဥပဒေကြမ်းကော်မတီအစည်းအဝေးအမှတ်စဉ်(၆၇/၂၀၁၉)အားကျင်းပပြုလုပ်

  ရန်ကုန်             ၊  အောက်တိုဘာလ ၂ ရက် ၊ ၂၀၁၉ ခုနှစ် ၄.၁၀.၂၀၁၉ ရက်နေ့ ၊ (သောကြာနေ့) နေ့လယ် (၁၂:၀၀) နာရီမှ နေ့လယ် (၁၄:၃၀) နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့တို့မှ ၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ အတွင်းရေးမှူး ဦးသော်တာအောင်နှင့် ဥပဒေရေးရာလေ့လာသုံးသပ်ရေး …

Read More »

လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ (၄၃/၂၀၁၉) ပုံမှန်အစည်းအဝေးကျင်းပ

    ရန်ကုန် ၊ အောက်တိုဘာ လ ၄ ရက် ၊ ၂၀၁၉ ခုနှစ် ၄.၁၀.၂၀၁၉ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်မှ (၉:၄၅)နာရီအချိန်ထိ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ (၄၃/၂၀၁၉)ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကော်မတီရုံးခန်း၌ပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမာ၊ အတွင်းရေးမှူး ဒေါ်သစ်သစ်မြင့်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖြည့်စွက်အစားထိုးနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

Read More »