Wednesday , August 12 2020
Breaking News
Home / Ygn Editor (page 84)
Ygn Editor
လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်ပန်းခြံအား အများပြည်သူအနားယူ အပန်းဖြေရန် အဆင့်မီသော ပန်းခြံအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၄  ရက်၊ ၂၀၁၈                                                                                               ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်      ဦးမြတ်မင်းသူက “ ဘုရင့်နောင်ပန်းခြံအား အများပြည်သူအနားယူ အပန်းဖြေရန် အဆင့်မီသော ပန်းခြံအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဘုရင့်နောင်ပန်းခြံသည် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)လမ်း၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး၊အမှတ်(၇) ရပ်ကွက်အတွင်း တည်ရှိပါကြောင်း၊ (အလျား ၁၀၁၁ ပေ × အနံ ၉၅၈ ပေ) ဧရိယာ (၁၄) …
Read More »
ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအား လွှတ်တော်သို့ ရှင်းလင်းတင်ပြ
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၄  ရက်၊ ၂၀၁၈                                                                                               ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါစာရင်းစစ်ချုပ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ကော်မတီမှ လေ့လာတွေ့ရှိချက်အစီရင်ခံစာတင်သွင်းခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတောင်းခံခြင်းအား ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။ (unicode) ရန်ကုန်၊ စက်တင်ဘာလ၊ ၁၄ ရက်၊ ၂၀၁၈ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ခု …
Read More »
မြောက်ဥက္ကလာပ မြို့နယ်၊ (ဌ)ရပ်ကွက်၊ ဝေဘာဂီလမ်းမကြီးနှင့် စွယ်တော်လမ်းထောင့်ရှိ မြေကွက်လပ်ကြီးတစ်ခုအား ကလေးကစားကွင်းနှင့် ရပ်ကွက်စာကြည့်တိုက်အဖြစ် သတ်မှတ်ပေးပါရန် အစီအစဉ် ရှိ/မရှိ မေးမြန်း
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၄  ရက်၊ ၂၀၁၈                                                                                               ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က “ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ဝေဘာဂီလမ်းမကြီးနှင့် စွယ်တော်လမ်းထောင့်ရှိ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စီမံပိုင်ခွင့်ရှိသော (အလျား ၁၈၀ ပေx အနံ ၉၀ ပေ)ခန့်ရှိသည့် မြေကွက်လပ်ကြီးတစ်ခုအား ကလေးကစားကွင်းနှင့် ရပ်ကွက်စာကြည့်တိုက်အဖြစ် သတ်မှတ်ပေးပါရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် လုပ်ဆောင်ပေးမည်ကို သိရှိလိုပါကြောင်း” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ဖော်ပြပါမြေကွက်လပ်အား မြေပြင်စိစစ်ရာတွင် အဆိုပါမြေနေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ၊ …
Read More »
ရန်ကင်းမြို့နယ်၊ ကလေး ဆေးရုံကြီး ရှေ့တစ်ဖက်ခြမ်း အမှတ်(၆)ရပ်ကွက်တွင် ရေမြောင်းလုံးဝ မရှိပါသဖြင့် အခြားလမ်းမကြီးများနည်းတူ အုတ်စီရေမြောင်း ပြုလုပ်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်း
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၄  ရက်၊ ၂၀၁၈                                                                                               ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာ(ခ)သီတာမောင်   က“ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမကြီးပေါ်ရှိ ကလေးဆေးရုံကြီး ရှေ့တစ်ဖက်ခြမ်း အမှတ်(၆)ရပ်ကွက်တွင် ရေမြောင်းလုံးဝ မရှိပါသဖြင့် အခြားလမ်းမကြီးများနည်းတူ သုခဝတီလမ်းထိပ်မှ ပိုက်လုံးကြီး အထိ ပေ ၁၅၀၀ ခန့်အရှည် အုတ်စီရေမြောင်း ပြုလုပ်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သစ္စာလမ်း(ရန်ကင်းကလေးဆေးရုံဘက်ခြမ်း)မှ သုံးစွဲရေများသည် သစ္စာလမ်း၊ ဂျိုးဖြူပိုက်လုံးဘေးမှ တဆင့် ဆည်မြောင်းချောင်းအတွင်းသို့ စီးဝင်ပါကြောင်း၊ သစ္စာလမ်း(သုခဝတီလမ်းထိပ်မှ ဂျိုးဖြူပိုက်လုံးတံတားအထိ) အရှည်ပေ …
Read More »
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ
Read More »
လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ်နှင့် ချိတ်ဆက်၍ သောက်သုံးရေ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၃  ရက်၊ ၂၀၁၈                                                                                               ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ပထမနေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ်နှင့် ချိတ်ဆက်၍ သောက်သုံးရေ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ရန်ကုန်တိုင်းဒေသကြီး တန်းတပင်မြို့နယ် ကုက္ကိုဝမြစ်ရေသန့်စင်ပေးဝေရေးစီမံကိန်းအား ဂျပန်နိုင်ငံအစိုးရ ODA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ ၁၃.၁၂.၂၀၁၆ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ …
Read More »
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် သားသတ်လိုင်စင် ဘယ်နှစ်ခုကို မည်သို့ခွင့်ပြုထုတ်ပေးထားပါသလဲ၊ လိုင်စင်အရေအတွက် တိုးမြှင့်ခွင့်ပြုသွားရန် အစီအစဉ် ရှိ/မရှိ၊ ဝက်၊ ဆိတ်၊ နွား မွေးမြူသူများအနေဖြင့် စည်ပင်သာယာ ကြီးကြပ်ခွင့်ပြုမိန့်ဖြင့် ကိုယ်တိုင် အသား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/ မရှိနှင့် ကြက်သားများ ကျန်းမာရေးနှင့်ညီညွတ်စွာ စနစ်တကျအသား ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ကြက်သားထုတ်လုပ်ရေး စက်ရုံများ ထူထောင် ပေးသွားရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်း
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၃  ရက်၊ ၂၀၁၈                                                                                               ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ပထမနေ့တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် သားသတ်လိုင်စင် ဘယ်နှစ်ခုကို မည်သို့ခွင့်ပြုထုတ်ပေးထားပါသလဲ၊ လိုင်စင်အရေအတွက် တိုးမြှင့်ခွင့်ပြုသွားရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း၊ ဝက်၊ ဆိတ်၊ နွား မွေးမြူသူများအနေဖြင့် စည်ပင်သာယာ ကြီးကြပ်ခွင့်ပြုမိန့်ဖြင့် ကိုယ်တိုင် အသား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/ မရှိ၊ မရှိပါက အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း၊ ကြက်သားများ ကျန်းမာရေးနှင့်ညီညွတ်စွာ စနစ်တကျအသား ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ကြက်သားထုတ်လုပ်ရေး စက်ရုံများ ထူထောင်ပေးသွားရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း” …
Read More »
သီရိမင်္ဂလာဈေးဟောင်းအား မြို့အင်္ဂါရပ်နှင့် ညီညွတ်စွာ ယခင်ကထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ပြင်ဆင်၍ Renovation သော်လည်းကောင်း၊ Retrofitting ပြုလုပ်၍ သော်လည်းကောင်း ပြန်လည် ပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိ၊ ပြန်လည်ပြင်ဆင်ပြီးပါက လက်ရှိငှားရမ်းခွင့် သက်တမ်း ကျန်ရှိသူများအား နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက် သွားမည်ကို မေးမြန်း
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၃  ရက်၊ ၂၀၁၈                                                                                               ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ပထမနေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “သီရိမင်္ဂလာဈေးဟောင်းအား မြို့အင်္ဂါရပ်နှင့် ညီညွတ်စွာ ယခင်ကထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ပြင်ဆင်၍ Renovation သော်လည်းကောင်း၊ Retrofitting ပြုလုပ်၍ သော်လည်းကောင်း ပြန်လည် ပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိ၊ ပြန်လည်ပြင်ဆင်ပြီးပါက လက်ရှိငှားရမ်းခွင့် သက်တမ်း ကျန်ရှိသူများအား နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သီရိမင်္ဂလာဈေးအဆောက်အအုံအား Winter Co.,Ltd သို့ ၁၉၉၉ ခုနှစ်က လုပ်ငန်းအပ်နှံဆောက်လုပ်ခဲ့ပါကြောင်း၊ ရုံအမှတ် …
Read More »
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၃ ရက်၊ ၂၀၁၈ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာလ ၁၃ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၁ ဦးအနက် ၁၁၃ ဦး တက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း ၃ ခု မေးမြန်းခဲ့ကြသည်။ မေးမြန်းခဲ့ကြသော မေးခွန်းများသည် စည်ပင်သာယာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်သော မေးခွန်းများဖြစ်ပြီး မေးခွန်းများကို သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့သည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို  စက်တင်ဘာ လ ၁၄ ရက် …
Read More »
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြား
ရန်ကုန်၊ စက်တင်ဘာလ၊ ၁၃ ရက်၊ ၂၀၁၈ ယနေ့ စက်တင်ဘာလ ၁၃ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  သတ္တမပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ “ဒီကနေ့စတင်ကျင်းပတဲ့အစည်းအဝေးမှာ ကိုယ်စားလှယ်များ အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ လွှတ်တော်(၂)နှစ်ခွဲကျော်အတွင်း ရရှိခဲ့ကြတဲ့ ဒေသဆိုင်ရာနှင့် လွှတ်တော်အတွေ့အကြုံများကို အခြေခံပြီး ကျန်ရှိတဲ့ သက်တမ်းမှာ ကိုယ်စွမ်းဥာဏ်စွမ်းနှင့် မှန်ကန်တဲ့ စိတ်စေတနာ၊ ခိုင်မာတဲ့ရည်မှန်းချက်တွေနဲ့ ဆောင်ရွက်ကြမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးကိစ္စရပ်တွေမှာပါမကဘဲ  ဒေသဆိုင်ရာလိုအပ်ချက်များကို ပြည်သူလူထုနှင့် စဉ်ဆက်မပြတ်ထိတွေ့ပြီး  ဆောင်ရွက်နေကြတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ လွှတ်တော်အနေနဲ့ …
Read More »