Saturday , August 15 2020
Breaking News
Home / ေမးခြန္းမ်ား / အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

 

ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်နည်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“ အလုံမြို့နယ်၊ သိပ္ပံဈေးသစ်(ဆင်မင်းဈေး) အဆင့်မြင့်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို နေကမ္ဘာမြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်း၍ (၈)ထပ် အဆောက်အဦကို ၅.၈.၂၀၁၂ ရက်နေ့တွင် စတင်တည်ဆောက်၍ ၄.၂.၂၀၁၅ ရက်နေ့၌ ပြီးစီးပြီး မူလဈေးဟောင်းမှ ဈေးသည်များအား ၂၆.၇.၂၀၁၅ ရက်နေ့တွင် ပြန်လည်နေရာချ ထားပေးခဲ့ပါကြောင်း၊ သိပ္ပံဈေးအား ပြန်လည်တည်ဆောက်ရန် ဈေးသူဈေးသားများနှင့် ညှိနှိုင်းစဉ်ကပင် မူလဈေးဟောင်းရှိ ဈေးဆိုင်ခန်းများ၏ အကျယ်အဝန်းနှင့် နေရာအတိုင်း ပြန်လည်ချထားပေးရန် သဘောတူညီချက်အရ မူလဆိုင်ခန်း (၇၂၇)ခန်းကို မြေညီထပ်တွင် ယခင်အတိုင်းချထားပေးခဲ့ပါကြောင်း၊ မူလဈေးဟောင်းတွင် ဈေးရုံဧရိယာ  ပေ (၂၄၀ x ၁၆၀ ) (၃၈၄၀၀)စတုရန်းပေ ရှိပြီး အဆင့်မြင့် ပြန်လည်တည်ဆောက်သည့်အခါ ခြံစည်းရိုးနှင့် ဈေးရုံကြားဧရိယာအပါအဝင် အဆောက်အဦကို ပေ (၃၀၀ x ၁၄၄)ပေ၊ (၄၃၂၀၀)စတုရန်းပေတွင် ပြန်လည်တည်ဆောက်ခဲ့ပြီး ယင်းဧရိယာ၌ တိုင်လုံးကြီးများ၊ ယာဉ်တက်/ဆင်းလမ်းများ ပါဝင်မှုကြောင့် ဈေးသစ်တည်ဆောက်ပြီးသည့်အခါ မူလဈေး ဆိုင်ခန်းများ အားလုံးကို ပြန်လည်နေရာချထားရာတွင် ဈေးရုံအတွင်း အလျားလိုက်လမ်း (၄)လမ်း၊ လမ်းအကျယ် (၄) ပေ မှ (၆) ပေ၊ ကန့်လန့်ဖြတ်လမ်း (၁၃)လမ်း လမ်းအကျယ် (၃)ပေမှ (၆)ပေထိ ရရှိသဖြင့် ဈေးရုံအတွင်း လမ်းအနေအထား အနည်းငယ်ကျဉ်း၍ ဆိုင်ခန်းများအတွက် လေကောင်းလေသန့်ရရှိမှု အားနည်းပါကြောင်း၊ ဈေးအတွင်း လေဝင်လေထွက်ကောင်းမွန် စေရန် သား/ငါးတန်း၌ Exhaust Fan (၁)လုံး တပ်ဆင်ထားပြီး လေကာမှန်များနေရာတွင် သံဇကာတပ်ဆင်ရန် နှင့် စားသောက်တန်းနှင့် ကုန်ခြောက်တန်း ဆိုင်ခန်းနေရာတွင် Exhaust fan များ ထပ်မံတပ်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် သိပ္ပံဈေးသစ် တည်ဆောက်သည့်နေကမ္ဘာ မြန်မာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်နှင့် ညှိနှိုင်း၍ ပညာရှင်များနှင့်တိုင်ပင်၍ လေကောင်းလေသန့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလုံမြို့နယ် ၊ သိပ္ပံဈေးတည်ရှိရာ မြို့နယ်တစ်ခုလုံးတွင် မြေအောက်ရေများ၌ ရေငန်ဓါတ်များထွက်ရှိ၍ သုံးစွဲရန် မသင့်လျော်သဖြင့် ဂျိုးဖြူပိုက်လိုင်းမှ ရေအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဈေးအတွင်းသန့်ရှင်းရေး သပ်ရပ်ကောင်းမွန် စေရေးအတွက် သန့်ရှင်းရေးဝန်ဆောင်လုပ်ငန်းဆောင်ရွက်သည့် ကန်ထရိုက်အား ဈေးများဌာန၊ အနောက်ပိုင်းခရိုင် တာဝန်ရှိသူများမှ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ဈေးကြီးသည် စည်ကားသည့် ဈေးဖြစ်သော်လည်း အစိုးရ၏ ဝင်ငွေကိုတွက်ချက်ရာ တစ်လလျှင် (၁၉)သိန်းသာ ရရှိပါကြောင်း၊ မြေပိုင်ဆိုင်မှုနှင့်တွက်လျှင် နည်းပါးပါကြောင်း၊ တစ်နှစ်လျှင်ဈေး၏ ဝင်ငွေသည် ၂၂၈ သိန်းဖြစ်ပါကြောင်း၊ နေကမ္ဘာမြန်မာနှင့် ppp အကျိုးတူပူးပေါင်းဆောင်ရွက်ထားသည့် ဈေးဖြစ်သည့်အတွက် ရသ့င်ရထိုက်သည့် ဝင်ငွေရရှိရန် Market Operator နှင့် လုပ်ရန် အစီအစဉ်ရှိပါကြောင်း၊ Market Operation ဝင်လာလျှင် ဈေးသည်အဆင့်မြှင့်ပြီး လေဝင်လေထွက်ကောင်းလာမှာဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြား ခဲ့ပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ‌ဈေး၏အနီးဆင်မင်းလမ်းပေါ်တွင် ကျူးကျော်ဆိုင်များဖွင့်လှစ်ထားရှိ သောကြောင့် ဈေးရုံအတွင်းတွင်ရှိသော အခွန်ထမ်းသည့်ဆိုင်ခန်းရှင်များသည် ဈေးရောင်းမကောင်းပါကြောင်း၊ သို့ဖြစ်ပါ၍ အထူးအလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးက Market Operation ဝင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက် အတွင်း စာသင်ကျောင်းဆောက်လုပ်ရန် မြေနေရာ ရှိသော်လည်း ပညာရေး အမည်ပေါက် မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမြန်ဆုံး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်မေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် …

Leave a Reply

Your email address will not be published. Required fields are marked *