Saturday , August 15 2020
Breaking News
Home / ပြန်ကြားရေး / သတင်း / ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဥပဒေပညာဘာသာရပ်အား နေ့(Day)သင်တန်း ဖွင့်လှစ် သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဖွင့်လှစ် သင်ကြားပေးမည် မေးမြန်း

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဥပဒေပညာဘာသာရပ်အား နေ့(Day)သင်တန်း ဖွင့်လှစ် သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဖွင့်လှစ် သင်ကြားပေးမည် မေးမြန်း

 

ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)  ဦးဦးဝင်းမောင်က “ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဥပဒေပညာဘာသာရပ်အား နေ့(Day) သင်တန်း ဖွင့်လှစ်သင်ကြား ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဖွင့်လှစ် သင်ကြားပေးမည် ” ကို မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက“ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဥပဒေပညာ ဘာသာရပ်အား နေ့(Day) သင်တန်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ စတင်ဖွင့်လှစ်ရန် အစီအစဉ်မရှိ သေးပါကြောင်း၊ ဘာသာရပ်အား နေ့(Day) သင်တန်းတစ်ခုခုဖွင့်လိုလျှင် သက်ဆိုင်ရာကော်မတီ၏ သဘောထားများ တောင်းခံရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဥပဒေပညာဘာသာရပ်အား နေ့(Day) သင်တန်းဖွင့်လှစ်သင်ကြားပေးရန်အတွက် ရန်ကုန်တက္ကသိုလ်၊ Board of Legal Study (BOLS) ၏ သဘောထားနှင့် လိုအပ်သည့်အချက်အလက်များနှင့်အတူ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်တမ်းကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီ တို့၏ သဘောထားမှတ်ချက်များ တောင်းခံ၍ ခွင့်ပြုချက်ရရှိပြီးမှသာ ဥပဒေပညာအထူးပြု ဘာသာရပ် နေ့ (Day)သင်တန်းဖွင့်လှစ်သင်ကြား ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သဘေားထားတောင်းခံမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး သဘောထားများရရှိပါက ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့သည်။

About Ygn Editor

Check Also

ရန်ကင်းအိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲကျင်းပ

  ရန်ကုန် ၊ အောက်တိုဘာလ ၉ ရက် ၊ ၂၀၁၉ ၈.၁၀.၂၀၁၉ ရက်နေ့  (၁၄:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ Media Corner၌  …

Leave a Reply

Your email address will not be published. Required fields are marked *