Sunday , May 31 2020
Breaking News
Home / ပြန်ကြားရေး / သတင်း / ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက် ဦးကျော့လမ်း၊ ပီမိုးနှင်းလမ်း၊ ဦးစလမ်း၊ ရွှေဥဒေါင်းလမ်းအလယ်တွင်ရှိသော ပေ ၁၂၀ ပတ်လည် ရေစက်ကွက်ကို လူတစ်ဦးတည်းအား မြေချပါမစ် ချထားပေးခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများက တိုင်ကြားလာသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မည်ကဲ့သို့ပြန်လည်စိစစ် ဆောင်ရွက် ပေးမည်မေးမြန်း

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက် ဦးကျော့လမ်း၊ ပီမိုးနှင်းလမ်း၊ ဦးစလမ်း၊ ရွှေဥဒေါင်းလမ်းအလယ်တွင်ရှိသော ပေ ၁၂၀ ပတ်လည် ရေစက်ကွက်ကို လူတစ်ဦးတည်းအား မြေချပါမစ် ချထားပေးခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများက တိုင်ကြားလာသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မည်ကဲ့သို့ပြန်လည်စိစစ် ဆောင်ရွက် ပေးမည်မေးမြန်း

 

ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်းက “ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက် ဦးကျော့လမ်း၊ ပီမိုးနှင်းလမ်း၊ ဦးစလမ်း၊ ရွှေဥဒေါင်းလမ်းအလယ်တွင်ရှိသော ပေ ၁၂၀ ပတ်လည် ရေစက်ကွက်ကို လူတစ်ဦးတည်းအား မြေချပါမစ် ချထားပေးခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများက တိုင်ကြားလာသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ပြန်လည်စိစစ် ဆောင်ရွက်ပေးမည် ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၄၂)သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ၁၉၉၃-၁၉၉၄ ခုနှစ်မှ စ၍ မြို့မြေစာရင်း (Town Land Roll) ၊ မြို့ကွက်ကျမြေပုံ(Block Map)တို့နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ  စီမံခန့်ခွဲလျက်ရှိသော မြေတိုင်းရပ်ကွက်ဖြစ်ပါကြောင်း၊ မေးခွန်းပါ မြေနေရာသည် မြို့သစ်အကွက်ချဖော်ထုတ်စဉ်ကာလများက မြေတိုင်းရပ်ကွက်အလိုက် စီမံကိန်းကာလ အသုံးပြုနိုင်ရေးအတွက် အဝိစိတွင်းနှင့်အုတ်ရေကန်မြေနေရာများ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြေတိုင်းရပ်ကွက်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု)က ရေသွယ်တန်းဖြန့်ဝေဆောင်ရွက်ထားရှိပြီးဖြစ်၍ လက်ရှိမြေနေရာကို အဝိစိတွင်း ရေစက်ရေကန်အား အသုံးပြု ဆောင်ရွက်ခြင်းမရှိသည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် အဆိုပါ မြေဧရိယာအား မြို့ကွက်ကျမြေပုံ၏ မြို့ကွက်ချထားမှုအင်္ဂါရပ်နှင့်အညီ မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ၂၀၀၃ ခုနှစ်တွင် မြို့ကွက်ချထားခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ မြို့ကွက်ချထားမှုတွင် မူလအသုံးမပြုတည်ရှိခဲ့သော အဝီစိတွင်း၊ အုတ်ရေကန်နှင့် ရေစက်ဧရိယာအား ချန်လှပ်ပြီး ပေ (၄၀ x ၆၀) မြေကွက်(၅)ကွက် ဖော်ထုတ်၍ ၂၀၀၃ ခုနှစ်တွင် နှစ်(၆၀) မြေငှားစာချုပ် (ဂရန်)ကို ဦးရှီးလျှန် အမည်ပေါက်ဖြင့် ခွင့်ပြုချထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းနောက် အမည်ပေါက် ဦးရှီးလျှန်မှ ဂရန်စာအုပ်များ ပျောက်ဆုံးကြောင်းတင်ပြ၍ ၂၀၀၉ ခုနှစ်တွင် ဂရန်မိတ္ထူ လျှောက်ထားသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ၎င်းမြေကွက်(၅)ကွက်အား ဂရန်မိတ္တူထုတ်ပေး ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၁ ခုနှစ်တွင် ဒေါ်နန်းခင်မွှေးမှ အရောင်းအဝယ်စာချုပ်အမှတ် (၇၈၃၂/၁၁) ၊ ၁၂.၁၁.၂၀၁၁ ဖြင့် အမည်ပေါက် ဒေါ်နန်းခင်မွှေးအမည်ဖြင့် အမည်ပြောင်းလဲမှတ်သားပေးခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် ၃၁.၁၀.၂၀၁၈ ရက်နေ့၌ ၎င်းမြေကွက်(၅)ကွက်အား ဒေါ်နန်းခင်မွှေး၏ အထွေထွေကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူ ဒေါ်ခင်ခင်ဇံမှ နယ်နိမိတ်တိုင်းတာ သတ်မှတ်သည့်မြေပုံနှင့် အဆောက်အဦဆောက်လုပ်ရန် ခြံစည်းရိုးကာရံရန် မြေပုံ၊ မြေရာဇဝင်လျှောက်ထားလာခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြေစီမံမှု ကိစ္စရပ်များ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း ၊ သို့ဖြစ်ပါ၍ မေးခွန်းပါ ပီမိုနင်း (၃)လမ်း၊ ဦးစလမ်း၊ ဦးကျော့လမ်းနှင့် ရွှေဥဒေါင်းလမ်းလေးခွဆုံရှိ မူလအသုံးမပြုတည်ရှိခဲ့သော အဝီစိတွင်း၊ အုတ်ရေကန်နှင့် ရေစက်ဧရိယာ ချန်လှပ်ပြီး ၂၀၀၃ ခုနှစ်မှစ၍ နှစ် (၆၀) မြေငှားဂရန် ထုတ်ပေးထားခြင်းဖြစ်ပြီး ကျန်ရှိသည် အဝီစိတွင်း၊ အုတ်ရေကန် ပေ (၄၀ x ၆၀ )ဧရိယာသည် လက်ရှိတွင် ကျူးကျော်မှုများ မရှိပါကြောင်း၊ အဝီစိတွင်း၊ အုတ်ရေကန်အဖြစ်သာ ချန်ထားခဲ့ပါကြောင်း၊ ရပ်ကွက်များတွင် ငမိုးရိပ်မှ ရေသွယ်တန်းပေးသည့် အတွက် ရေစက်ကွက်၊ ရေလိုင်းအနေဖြင့်သာ ထားရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပေ (၁၂၀)ပတ်လည်တွင် (၅)ကွက်သည် ၂၀၀၃ ခုနှစ်တွင် ရောင်းချခဲ့ပြီး၊ ရေစက်ကွက်ရှိသော ပေ (၄၀ x ၆၀ ) သည် လက်ရှိ ထိန်းသိမ်းထားလျှက်ရှိနေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့သည်။

About Ygn Editor

Check Also

ရန်ကင်းအိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲကျင်းပ

  ရန်ကုန် ၊ အောက်တိုဘာလ ၉ ရက် ၊ ၂၀၁၉ ၈.၁၀.၂၀၁၉ ရက်နေ့  (၁၄:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ Media Corner၌  …

Leave a Reply

Your email address will not be published. Required fields are marked *