Saturday , August 15 2020
Breaking News
Home / ေမးခြန္းမ်ား / ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန အောက်ရှိ ရပ်ကွက်အားကစားကွင်းအား ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ အဆင်ပြေစွာ ကစားနိုင်ရေးအတွက် အားကစားကွင်း အတွင်း/အပြင် နှစ်ဖက် လုံးအား အဆင့်မြှင့်တင် မွမ်းမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးမြန်း

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန အောက်ရှိ ရပ်ကွက်အားကစားကွင်းအား ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ အဆင်ပြေစွာ ကစားနိုင်ရေးအတွက် အားကစားကွင်း အတွင်း/အပြင် နှစ်ဖက် လုံးအား အဆင့်မြှင့်တင် မွမ်းမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးမြန်း

 

ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနအောက်ရှိ ရပ်ကွက်အားကစားကွင်းအား ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ အဆင်ပြေစွာ ကစားနိုင်ရေးအတွက် အားကစားကွင်း အတွင်း/အပြင် နှစ်ဖက်လုံးအား အဆင့်မြှင့်တင် မွမ်းမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅) ရပ်ကွက်၊ ကစားကွင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော အားကစားကွင်းဖြစ်ပြီး ဌာနမှ ကြီးကြပ်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ပြင်ဆင် မွမ်းမံလိုသည့်အပိုင်းများကို ကိုယ်စားလှယ်ကြီးနှင့် ရပ်မိ/ ရပ်ဖများမှ တင်ပြစေလိုပါကြောင်း၊ ကုန်ကျသည့်အပိုင်းကို YCDC မှ တွက်ချက်၍ ဘတ်ဂျက်တောင်းခံ ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *