Monday , August 10 2020
Breaking News
Home / ေမးခြန္းမ်ား / ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက် အတွင်း စာသင်ကျောင်းဆောက်လုပ်ရန် မြေနေရာ ရှိသော်လည်း ပညာရေး အမည်ပေါက် မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမြန်ဆုံး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်မေးမြန်း

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက် အတွင်း စာသင်ကျောင်းဆောက်လုပ်ရန် မြေနေရာ ရှိသော်လည်း ပညာရေး အမည်ပေါက် မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမြန်ဆုံး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်မေးမြန်း

 

ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက“ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက်အတွင်း စာသင်ကျောင်း ဆောက်လုပ်ရန် မြေနေရာရှိသော်လည်းပညာရေး အမည်ပေါက် မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က အမြန်ဆုံး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည် ” ကို မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက“ အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀) ရပ်ကွက်နှင့် အနီးဆုံးဖြစ်သော (၈၇) ရပ်ကွက် မူလွန်(၅)၊ (၈၈) ရပ်ကွက်တွင် အထက(၁)၊ မူလွန် (၂)နှင့် အမက(၁)၊ (၈၉) ရပ်ကွက်တွင် အထက (၅)၊ (၉၂) ရပ်ကွက်တွင် မူလွန်(၉) ၊ (၉၃) ရပ်ကွက်တွင် အထက(၃)၊ (၉၄) ရပ်ကွက်တွင် အထက(၂) ကျောင်းများ တည်ရှိပါကြောင်း၊ အဆိုပါရပ်ကွက် (၉၀)၌ စာသင်ကျောင်းမရှိသော်လည်း စာသင်ကြားရန် အခက်ခဲမရှိဟု သိရှိရပါကြောင်း၊ (၈၉) ရပ်ကွက်၌ တည်ရှိသော အထက(၅)ကျောင်းနှင့်လမ်းတစ်ဖက်သာ ခြားပါကြောင်း၊ နီးစပ်ရာ အထက၊ မူလွန်၊ အမကကျောင်းများသို့လည်း တက်ရောက်နိုင်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၃.၇.၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၄/၈-၂(၁၂)/လူမှု ဖြင့် အမှတ် (၉၀) ရပ်ကွက်အတွင်း စာသင်ကျောင်းဖြစ်ပေါ်ရေးအတွက် ပညာရေး အမည်ပေါက်မြေနေရာ ရရှိရေးကို တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ လိပ်မူပြီး စိစစ်သဘောထားမှတ်ချက်နှင့်အတူ ပြန်လည်တင်ပြရန် အကြောင်းကြား ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၏ ၂.၈.၂၀၁၁၉ ရက်စွဲပါ စာအမှတ် ၊ ၆၄ / အစီရင်ခံစာ / ၂၀၁၉ အရ မြို့နယ်အဆင့် EC အဖွဲ့နှင့် (၉၀) ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထိုမြေကွက်အား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း၊ ထိုမြေကွက် လယ်ပိုင်ရှင်မှ မွေးမြူထားသော ကျွဲ၊နွား ထားရှိသည့်ခြံများကို တွေ့ရှိခဲ့ပါကြောင်း၊အုပ်ချုပ်ရေးမှူးအား မေးမြန်းရာ မြို့နယ်အဆင့် မြေယာပိုင်ဆိုင်မှုကော်မတီမှ ထိုလယ်ကွက်အား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စစ်ဆေး နေပါကြောင်း၊ အမှုပြီးဆုံးပါက ထိုခြံများအား ဖျက်သိမ်းမည်ဟု ‌ဖြေကြားခဲ့ပါကြောင်း၊ အဆိုပါမြေကွက်မှာ အစိုးရပိုင် မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင်မြေ ဖြစ်သဖြင့် ကျေးရွာမှ ကျောင်းပိုင်ရှင်အသစ် ဖွင့်လှစ်လို၍ ခွင့်ပြုပေးနိုင်ပါရန် လျှောက်ထားရမည် ၊ သို့မှသာ ကိုယ်စားလှယ်ကြီး မေးမြန်းလာသော အဆိုပါမြေနေရာ၌ မူလတန်းကျောင်း ဆောက်လုပ်ပေးနိုင်ရန်အတွက် ကျောင်းပိုင်မြေ ဖြစ်ကြောင်း အထောက်အထားများ တင်ပြလာပါက ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ မြေနေရာအား ပညာရေးဌာနပိုင်မြေအဖြစ်ရရှိနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လိပ်မူပြီးရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ရပ်မိ/ရပ်ဖ ၊ ကျောင်းအကျိုးတော်ဆောင်တို့မှ မြေဂရန်ရရှိရေးအတွက် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ပညာရေးဌာနပိုင် မြေနေရာရရှိပြီးပါက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းလာသော အမှတ်(၉၀)ရပ်ကွက်၌ အခြေခံပညာ ကျောင်းပိုင်ရှင် (အသစ်လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ကျောင်းပိုင်ရှင် အသစ် လျှောက်ထားရာတွင် ကျေးရွာ ရပ်မိ/ရပ်ဖ များမှ ကျောင်းမြေ ဖြစ်ကြောင်း မြေပိုင်ဆိုင်မှု အထောက်အထား (ပုံစံ-၁၀၅) ၊ မြို့နယ်‌မြေစာရင်းဦးစီးဌာန၏ ကျောင်းမြေဖြစ်ကြောင်း အထောက်အထားများ၊ တက်ရောက်မည့် ကျောင်းသားဦးရေ စသည့် အထောက်အထားများစုစည်းလျက် မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြရမည် ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ တစ်ဆင့် ခရိုင်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးရုံးမှ တစ်ဆင့် တိုင်းဒေသကြီး ပညာရေးမှူး ရုံးသို့ အဆင့်ဆင့်တင်ပြရမည်ဖြစ်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ စိစစ်ပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ကျောင်းပိုင်ရှင်(အသစ်) လျှောက်လွှာ ခေါ်ယူချိန်တွင် ဆက်လက်တင်ပြ ပေးမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသည့် (၈၉) ရပ်ကွက်အတွင်းမှာ သွားတက်နေရသည့် ကျောင်းသားများသည် စာသင်ခုံမလုံလောက်ခြင်း၊ စာသင်ကျောင်းများ ကြပ်တည်းစွာ ပညာသင်ကြားနေခြင်း စသည် အခက်အခဲများရှိသည်ကို သိရှိရပါကြောင်း၊ (၉၀)ရပ်ကွက်နှင့် နီးသည့်ကျောင်းများအား လွှတ်တော် ကိုယ်စားလှယ်ကြီးနှင့်အတူ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့သည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *