Sunday , May 31 2020
Breaking News
Home / ေမးခြန္းမ်ား / ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားခြင်းများတွင် မည်သည့်တိုင်းရင်းသားစာပေများကို သင်ကြား ပေးနေပါသနည်း၊ ကျောင်းသား/သူအရေအတွက် မည်မျှသင်ယူနေပါသနည်း၊ သာမန်စာသင်ချိန်များနှင့်တိုင်းရင်းသားစာပေသင်ကြားချိန်များကို မည်ကဲ့သို့ စီမံခန့်ခွဲပေးနေပါသနည်း၊ တိုင်းရင်းသားစာပေသင်ကြားမှု၏ ရလဒ်များသည် အောင်မြင်တိုးတက်မှု ရှိပါသလားမေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားခြင်းများတွင် မည်သည့်တိုင်းရင်းသားစာပေများကို သင်ကြား ပေးနေပါသနည်း၊ ကျောင်းသား/သူအရေအတွက် မည်မျှသင်ယူနေပါသနည်း၊ သာမန်စာသင်ချိန်များနှင့်တိုင်းရင်းသားစာပေသင်ကြားချိန်များကို မည်ကဲ့သို့ စီမံခန့်ခွဲပေးနေပါသနည်း၊ တိုင်းရင်းသားစာပေသင်ကြားမှု၏ ရလဒ်များသည် အောင်မြင်တိုးတက်မှု ရှိပါသလားမေးမြန်း

 

ရန်ကုန်၊ အောက်တိုဘာလ၊ ၈  ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင်  အင်းစိန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား စာပေသင်ကြားခြင်းများတွင် မည်သည့်တိုင်းရင်းသားစာပေများကို သင်ကြား ပေးနေပါသနည်း၊ ကျောင်းသား/သူအရေအတွက် မည်မျှသင်ယူနေပါသနည်း၊ သာမန်စာသင်ချိန်များနှင့်တိုင်းရင်းသားစာပေသင်ကြားချိန်များကို မည်ကဲ့သို့ စီမံခန့်ခွဲပေးနေပါသနည်း၊ တိုင်းရင်းသားစာပေသင်ကြားမှု၏ ရလဒ်များသည် အောင်မြင်တိုးတက်မှုရှိပါသလား ”ကို မေးမြန်းရာ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ စကောကရင်၊ အနောက်ပိုးကရင်၊ ရှမ်းစာပေနှင့် အရှို၊ ချင်းစသည့် တိုင်းရင်းသားစာပေများကို သင်ကြားနေပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြားသင်ယူမှုကို အခြေခံပညာမူလတန်း အဆင့်မှစတင်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကားကို အခြေခံပညာ မူလတန်းအဆင့် Grade -1 , Grade – 2 နှင့် Grade – 3 အတန်းများ၌ သင်ကြားစေပြီး အခြားအတန်းများ၌ သင်ကြားပေးခြင်း မရှိသေးပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တိုင်းရင်းသားဘာသာစကားသင်ကြားနေသော ကျောင်းသား/ကျောင်းသူ အရေအတွက်မှာ ၂၀၁၉ ခုနှစ် ၊ဩဂုတ်လ (လချုပ်) စာရင်းအရ မြို့နယ်ပေါင်း (၁၃)မြို့ရှိ ကျောင်းပေါင်း (၂၈၄) ကျောင်းတွင် Grade-1 (၆၇၃၅)ဦး ၊ Grade -2 (၆၁၂၀)ဦးနှင့် Grade -3 (၃၄၈၂)ဦး၊ စုစုပေါင်း (၁၆၃၃၇)ဦး သင်ယူနေပါကြောင်း၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစကားကို သာမန်စာသင်ချိန် ပြင်ပအချိန်များ၌ သင်ကြားစေပါကြောင်း၊ ပြင်ပစာသင်ချိန်များသတ်မှတ်ရာတွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုအရ သင်ကြားစေပါကြောင်း၊ အခြေခံပညာကျောင်းများတွင် တစ်နေ့ သာမန်စာသင်ချိန်သည် (၃၅)မိနစ်ဖြင့် (၈)ချိန်သင်ကြားစေပြီး၊ တိုင်းရင်းသားစာပေ သင်ကြားချိန်များကို သာမန်စာသင်ချိန်ပြင်ပဖြစ်သော တစ်ချိန်တက်ကျောင်းများအတွက် နံနက်ကျောင်းမတက်မီ (၇:၃၀) နာရီမှ (၈:၃၀)နာရီအထိ လည်းကောင်း၊ ညနေကျောင်းဆင်းပြီး (၃:၀၀)နာရီမှ (၄:၀၀) နာရီ အထိလည်းကောင်း၊ နှစ်ချိန်တက်ကျောင်းများအတွက် နေ့လယ် (၁၁:၀၀) နာရီမှ (၁၂:၀၀) နာရီအထိလည်းကောင်း သင်ကြားပေးလျှက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကားသင်ကြားမှုသည် ဘာသာစကားဖြစ်သည့် အတွက် တက်မြောက်မှု စစ်ဆေးခြင်းဖြင့် တိုင်းတာ၍ မရပါကြောင်း၊ နှုတ်ဖြင့်သာ စစ်ဆေးရပါကြောင်း၊ သင်ကြားမှုရလဒ်သည် မြန်မာဘာသာဖြင့် ရေးသားထားသော သင်ရိုးညွှန်းတမ်းအား တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ အနေဖြင့် အခက်အခဲရှိနိုင်၍ ပံ့ပိုးထပ်ဆောင်း သင်ကြားခြင်းဖြစ်သဖြင့် ကျောင်းသား/ကျောင်းသူများ၏ စိတ်ပါဝင်စားမှုအပေါ်မူတည်ပြီး အောင်မြင်တိုးတက်မှု ရှိနိုင်ပါကြောင်း၊ အင်းစိန်မြို့နယ်ရှိ တိုင်းရင်းသားဘာသာသင် အခြေခံပညာကျောင်းများဖြစ်သော အထက၊ အလက၊အမက ကျောင်း(၁၃)ကျောင်းအား သွားရောက်စစ်ဆေးခဲ့ရာ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျှက် ရှိသော ကျောင်းသား/ကျောင်းသူများသည် တိုင်းရင်းသားဘာသာစကား သင်ယူရာတွင် စိတ်ပါဝင်စားမှုရှိပြီး အထိုက်အလျောက် အောင်မြင်မှုရှိပါကြောင်း၊ ပညာရေးစနစ်အသစ်အရ ကြောက်ရွံ့ခြင်းမရှိဘဲ လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်ရှိရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ” ပြန်လည်ဖြေကြား ခဲ့ပါသည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *