Wednesday , August 12 2020
Breaking News
Home / ေမးခြန္းမ်ား / ေမွာ္ဘီၿမိဳ႕နယ္အတြင္းရွိ အခ်ိဳ႕ေသာ ဌာနဆိုင္ရာရံုးမ်ား၊ ေက်ာင္းမ်ား၊ ေက်းလက္ေဆးေပးခန္းမ်ား၊ တိုက္နယ္ေဆးရံုမ်ားတြင္ ေျမစာရင္းပံုစံ(၁၀၅)မရွိပါ၍ ခ်ထားေပးရန္အစီအစဥ္ရွိ/မရွိေမးျမန္

ေမွာ္ဘီၿမိဳ႕နယ္အတြင္းရွိ အခ်ိဳ႕ေသာ ဌာနဆိုင္ရာရံုးမ်ား၊ ေက်ာင္းမ်ား၊ ေက်းလက္ေဆးေပးခန္းမ်ား၊ တိုက္နယ္ေဆးရံုမ်ားတြင္ ေျမစာရင္းပံုစံ(၁၀၅)မရွိပါ၍ ခ်ထားေပးရန္အစီအစဥ္ရွိ/မရွိေမးျမန္

ရန္ကုန္၊ ဇူလိုင္လ၊ ၃ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး နဝမေန႕တြင္ ေမွာ္ဘီၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းေအာင္က “ေမွာ္ဘီၿမိဳ႕နယ္အတြင္းရွိ အခ်ိဳ႕ေသာ ဌာနဆိုင္ရာရံုးမ်ား၊ ေက်ာင္းမ်ား၊ ေက်းလက္ေဆးေပးခန္းမ်ား၊ တိုက္နယ္ေဆးရံုမ်ားတြင္ ေျမစာရင္းပံုစံ(၁၀၅)မရွိပါ၍ ခ်ထားေပးရန္အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္ရွိပါက မည္သည့္အခ်ိန္တြင္ ခ်ထားေပးမည္ႏွင့္ အစီအစဥ္မရွိပါက မည္သည့္ အတြက္ေၾကာင့္ျဖစ္သည္ကိုသိရွိလိုပါေၾကာင္း ” ေမးျမန္းရာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက “လယ္ယာေျမစီမံခန္႕ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနအေနႏွင့္ ေျမစာရင္းပံုစံ (၁၀၅) (၁၀၆) ေရးကူးေပးရန္ ေလွ်ာက္ထားလာမွဳမ်ားအေပၚ လုပ္ထံုးလုပ္နည္း၊ ညႊန္ၾကားခ်က္မ်ားႏွင့္အညီ စိစစ္ေဆာင္ရြက္ေပးလ်က္ရိွပါေၾကာင္း၊ ဌာနအေနႏွင့္ ေျမစာရင္းပံုစံ (၁၀၅) ေရးကူးေပးသည္ဆိုသည္မွာ ေလွ်ာက္ထားသူအား ပိုင္ဆိုင္ခြင့္အတြက္ ေဆာင္ရြက္ေရးကူးေပးျခင္းမဟုတ္ဘဲ ေလွ်ာက္ထားေျမႏွင့္ ပတ္သက္၍ ဌာနရိွ တည္ဆဲႏွစ္၏ စာရင္းေျမပံုေကာက္ႏွဳတ္ခ်က္ မိတၳဴသာျဖစ္ၿပီး ေလွ်ာက္ထားေသာအေၾကာင္းအရာအတြက္သာ အသံုးျပဳရန္ စိစစ္ေရးကူးေပးျခင္းမဟုတ္ဘဲ ေလွ်ာက္ထားေျမႏွင့္ပတ္သက္၍ ဌာနရိွတည္ဆဲႏွစ္၏ စာရင္းေျမပံုေကာက္ႏွဳတ္ခ်က္ မိတၳဴသာျဖစ္ၿပီး ေလွ်ာက္ထား ေသာအေၾကာင္းအရာအတြက္သာ အသံုးျပဳရန္ စိစစ္ေရးကူးေပးျခင္းျဖစ္ပါေၾကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္၏ ေမးျမန္းခ်က္ပါ ဝါးနက္ေခ်ာင္းတိုက္နယ္ေဆးရံု ေျမသည္ ေမွာ္ဘီၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႕ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနရိွ စာရင္း၊ ေျမပံုမွတ္တမ္းအရ ကြင္းအမွတ္ (၅၉၅-ဘီ) ၊ သာယာကုန္းကြင္း၊ ဦးပိုင္အမွတ္ (၂) ၊ဧရိယာ (၁.၅၆) ဧကရိွ လယ္ေျမႏွင့္ ဦးပိုင္အမွတ္ (၁။၂) ၊ ဧရိယာ (၀.၅၆)ဧက ၊ ဦးပိုင္အမွတ္ (၃။၂) ၊ ဧရိယာ (၀.၃၆) ဧကရိွ ဥယ်ာဥ္ေျမမ်ားျဖစ္ၿပီး၊ လယ္ယာေျမပိုင္ ခြင့္ျပဳလက္မွတ္ပံုစံ (၇) ထုတ္ေပးထားျခင္းမရိွဘဲ ေျမခြန္စည္းၾကပ္မွဳ မွတ္တမ္းအရ ဦးစိန္ျမင့္အမည္ျဖင့္ ေျမခြန္စည္းၾကပ္ထားေသာ လယ္ယာေျမမ်ားျဖစ္ပါေၾကာင္း၊ ထို႕ေၾကာင့္ ဝါးနက္ေခ်ာင္းေဆးရံု အမည္ျဖင့္ ေျမစာရင္းပံုစံ (၁၀၅) ေရးကူးေပး၍ မရရိွႏိုင္ပါေၾကာင္းႏွင့္ ဝါးနက္ေခ်ာင္းတိုက္နယ္ေဆးရံုအေနႏွင့္ လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ေလွ်ာက္ထားရန္ေဆာင္ရြက္ရမည့္ ကိစၥျဖစ္ပါေၾကာင္း” ျပန္လည္ေျဖၾကား ခဲ့ပါသည္။
 
(Unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၃ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် မှော်ဘီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က “မှော်ဘီမြို့နယ်အတွင်းရှိ အချို့သော ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများ၊ တိုက်နယ်ဆေးရုံများတွင် မြေစာရင်းပုံစံ(၁၀၅)မရှိပါ၍ ချထားပေးရန်အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ချထားပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်း ” မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေနှင့် မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ရေးကူးပေးရန် လျှောက်ထားလာမှုများအပေါ် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနအနေနှင့် မြေစာရင်းပုံစံ (၁၀၅) ရေးကူးပေးသည်ဆိုသည်မှာ လျှောက်ထားသူအား ပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်ရေးကူးပေးခြင်းမဟုတ်ဘဲ လျှောက်ထားမြေနှင့် ပတ်သက်၍ ဌာနရှိ တည်ဆဲနှစ်၏ စာရင်းမြေပုံကောက်နှုတ်ချက် မိတ္ထူသာဖြစ်ပြီး လျှောက်ထားသောအကြောင်းအရာအတွက်သာ အသုံးပြုရန် စိစစ်ရေးကူးပေးခြင်းမဟုတ်ဘဲ လျှောက်ထားမြေနှင့်ပတ်သက်၍ ဌာနရှိတည်ဆဲနှစ်၏ စာရင်းမြေပုံကောက်နှုတ်ချက် မိတ္ထူသာဖြစ်ပြီး လျှောက်ထား သောအကြောင်းအရာအတွက်သာ အသုံးပြုရန် စိစစ်ရေးကူးပေးခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ ဝါးနက်ချောင်းတိုက်နယ်ဆေးရုံ မြေသည် မှော်ဘီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ စာရင်း၊ မြေပုံမှတ်တမ်းအရ ကွင်းအမှတ် (၅၉၅-ဘီ) ၊ သာယာကုန်းကွင်း၊ ဦးပိုင်အမှတ် (၂) ၊ဧရိယာ (၁.၅၆) ဧကရှိ လယ်မြေနှင့် ဦးပိုင်အမှတ် (၁။၂) ၊ ဧရိယာ (၀.၅၆)ဧက ၊ ဦးပိုင်အမှတ် (၃။၂) ၊ ဧရိယာ (၀.၃၆) ဧကရှိ ဥယျာဉ်မြေများဖြစ်ပြီး၊ လယ်ယာမြေပိုင် ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေးထားခြင်းမရှိဘဲ မြေခွန်စည်းကြပ်မှု မှတ်တမ်းအရ ဦးစိန်မြင့်အမည်ဖြင့် မြေခွန်စည်းကြပ်ထားသော လယ်ယာမြေများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝါးနက်ချောင်းဆေးရုံ အမည်ဖြင့် မြေစာရင်းပုံစံ (၁၀၅) ရေးကူးပေး၍ မရရှိနိုင်ပါကြောင်းနှင့် ဝါးနက်ချောင်းတိုက်နယ်ဆေးရုံအနေနှင့် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်လျှောက်ထားရန်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း” ပြန်လည်ဖြေကြား ခဲ့ပါသည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *