Wednesday , August 12 2020
Breaking News
Home / မေးခွန်းများ / ခွေးရူးပြန်ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် အစီအစဉ် ရှိ/မရှိ၊ ဆောက်ရွက်နေပါက သိရှိလိုပါကြောင်း၊ ပြည်သူလူထုသိရှိရန်အတွက် ပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မည့်အစီအစဉ်ရှိ/မရှိမေးမြန်း


ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “ခွေးရူးပြန်ရောဂါကာကွယ်ရေး လုပ်ငန်း များဆောင်ရွက်နေသည့် အစီအစဉ် ရှိ/မရှိ၊ ဆောက်ရွက်နေပါက သိရှိလိုပါကြောင်း၊ ပြည်သူလူထုသိရှိရန်အတွက် ပညာပေး လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မည့်အစီအစဉ်ရှိ/မရှိ”မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ ခွေးရူးပြန်ရောဂါကာကွယ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ခွေး(သို့မဟုတ်) တိရစ္ဆာန်အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးရရှိစေရန်နှင့် အခမဲ့ထိုးနှံပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးပြတ်လပ်မှုမရှိစေရန်နှင့် အမှန်တကယ် လိုအပ်နေသော လူနာများအား ကာကွယ်ဆေးများ အချိန်မီလုံလောက်စွာ ရရှိစေရန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြာင်း၊ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် (၂၀၁၉) ခုနှစ် ၊ မေလ (၂၉) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း (စံပြ) အထွေထွေရောဂါကုဆေးရုံများတွင် ခွေးကိုက်လူနာကုသမှု ဌာန (Dog Bite Treatment Center – DBTC ) များအား စတင်ဖွင့်လှစ်ထားရှိ၍ ပြည်သူလူထုသိရှိရန် ပညာပေးလုပ်ငန်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာ ww.mhs.gov.mm, https://www.facebook. com/ Minstry of Health and Sports Myanmar နှင့် Myanmar CDC ၏ facebook စာမျက်နှာမှလည်းကောင်း၊ ကျန်းမာရေးဌာနများနှင့် ဆေးရုံကြီးများမှလည်းကောင်း၊ အခါအခွင့်သင့်ပါက သတင်းစာ၊ ဂျာနယ်၊ ရုပ်သံမီဒီယာများမှ လည်းကောင်း ပညာပေးပြောကြားလျက်ရှိပါကြောင်း၊ ခွေးရူးရောဂါ၏ (၉၉) ရာခိုင်နှုန်းသည် ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး ခွေးကိုက်ခံရပြီးလက္ခဏာမပေါ်မီ အချိန်မီ ကာကွယ်ဆေးအား စနစ်တကျ အကြိမ်ပြည့် ထိုးနှံခြင်းဖြင့် (၁၀၀) ရာခိုင်နှုန်းကာကွယ်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခွေးလေခွေးလွင့်များပြားလာမှုသည်လည်း အဓိကအကြောင်းအရင်း တစ်ရပ် ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာဌာနများနှင့် ပြည်သူလူထုအနေဖြင့် ခွေးလေခွေးလွင့်များအား လျော့နည်းပပျောက်လာစေရေး နှင့် ခွေးမွေးမြူလိုပါက စနစ်တကျ ထိန်းသိမ်းမွေးမြူကြရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ခွေးကိုက်လူနာများ အတွက် ခွေးရူးရောဂါကာကွယ်ဆေးဝယ်ယူရသော ပြည်သူများ၏ ဘဏ္ဍာငွေ များကိုအခြားသော အကျိုးရှိမည့်ကဏ္ဍများ တွင် အသုံးချနိုင်မည် ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။
 
(unicode)
ရန်ကုန်၊ ဇူလိုင် လ၊ ၃ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “ခွေးရူးပြန်ရောဂါကာကွယ်ရေး လုပ်ငန်း များဆောင်ရွက်နေသည့် အစီအစဉ် ရှိ/မရှိ၊ ဆောက်ရွက်နေပါက သိရှိလိုပါကြောင်း၊ ပြည်သူလူထုသိရှိရန်အတွက် ပညာပေး လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မည့်အစီအစဉ်ရှိ/မရှိ”မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ ခွေးရူးပြန်ရောဂါကာကွယ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ခွေး(သို့မဟုတ်) တိရစၦာန်အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးရရှိစေရန်နှင့် အခမဲ့ထိုးနှံပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးပြတ်လပ်မှုမရှိစေရန်နှင့် အမှန်တကယ် လိုအပ်နေသော လူနာများအား ကာကွယ်ဆေးများ အချိန်မီလုံလောက်စွာ ရရှိစေရန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြာင်း၊ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် (၂၀၁၉) ခုနှစ် ၊ မေလ (၂၉) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း (စံပြ) အထွေထွေရောဂါကုဆေးရုံများတွင် ခွေးကိုက်လူနာကုသမှု ဌာန (Dog Bite Treatment Center – DBTC ) များအား စတင်ဖွင့်လှစ်ထားရှိ၍ ပြည်သူလူထုသိရှိရန် ပညာပေးလုပ်ငန်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာ ww.mhs.gov.mm, https://www.facebook. com/ Minstry of Health and Sports Myanmar နှင့် Myanmar CDC ၏ facebook စာမျက်နှာမှလည်းကောင်း၊ ကျန်းမာရေးဌာနများနှင့် ဆေးရုံကြီးများမှလည်းကောင်း၊ အခါအခွင့်သင့်ပါက သတင်းစာ၊ ဂျာနယ်၊ ရုပ်သံမီဒီယာများမှ လည်းကောင်း ပညာပေးပြောကြားလျက်ရှိပါကြောင်း၊ ခွေးရူးရောဂါ၏ (၉၉) ရာခိုင်နှုန်းသည် ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး ခွေးကိုက်ခံရပြီးလက္ခဏာမပေါ်မီ အချိန်မီ ကာကွယ်ဆေးအား စနစ်တကျ အကြိမ်ပြည့် ထိုးနှံခြင်းဖြင့် (၁၀၀) ရာခိုင်နှုန်းကာကွယ်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခွေးလေခွေးလွင့်များပြားလာမှုသည်လည်း အဓိကအကြောင်းအရင်း တစ်ရပ် ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာဌာနများနှင့် ပြည်သူလူထုအနေဖြင့် ခွေးလေခွေးလွင့်များအား လျော့နည်းပပျောက်လာစေရေး နှင့် ခွေးမွေးမြူလိုပါက စနစ်တကျ ထိန်းသိမ်းမွေးမြူကြရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ခွေးကိုက်လူနာများ အတွက် ခွေးရူးရောဂါကာကွယ်ဆေးဝယ်ယူရသော ပြည်သူများ၏ ဘဏ္ဍာငွေ များကိုအခြားသော အကျိုးရှိမည့်ကဏ္ဍများ တွင် အသုံးချနိုင်မည် ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *