Wednesday , August 12 2020
Breaking News
Home / မေးခွန်းများ / အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ လူကူးခုံးကျော်တံတားများသည် မိုးတွင်းကာလတွင်ရေညှိများဖြင့်ချော်လဲခြင်း အခက်အခဲများရှိလာသည်ကိုတွေ့ရှိရပါသဖြင့် ရဟန်းရှင်လူ၊ ကျောင်းသား/သူပြည်သူများ အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်ရေးအတွက် မိုးရာသီအမီ အမိုးအကာများပြုလုပ်ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်း

အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ လူကူးခုံးကျော်တံတားများသည် မိုးတွင်းကာလတွင်ရေညှိများဖြင့်ချော်လဲခြင်း အခက်အခဲများရှိလာသည်ကိုတွေ့ရှိရပါသဖြင့် ရဟန်းရှင်လူ၊ ကျောင်းသား/သူပြည်သူများ အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်ရေးအတွက် မိုးရာသီအမီ အမိုးအကာများပြုလုပ်ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်း

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ လူကူးခုံးကျော်တံတားများသည် မိုးတွင်းကာလတွင်ရေညှိများဖြင့်ချော်လဲခြင်း အခက်အခဲများရှိလာသည်ကိုတွေ့ရှိရပါသဖြင့် ရဟန်းရှင်လူ၊ ကျောင်းသား/သူများ၊ ပြည်သူများ အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်ရေးအတွက် မိုးရာသီအမီ အမိုးအကာများပြုလုပ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်း ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး က “ မေးမြန်းချက်နှင့်စပ်လျဉ်း၍ “ ကမာရွတ်မြို့နယ်အတွင်းရှိ လူကူးခုံးကျော်တံတား (၃) စင်းအနက်မှ အင်းစိန် လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးရှိ လူကူးခုံးကျော်တံတားကို ပြည်သူများကူးသန်းသွားလာမှု အဆင်ပြေစေရန်အတွက် တံတား အမိုးအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်လူကူးခုံးကျော်တံတား (၂)စင်းကိုလည်း နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြန်လည် ဖြေကြားခဲ့ပါသည်။
 
(unicdoe)
ရန်ကုန်၊ ဇူလိုင် လ၊ ၃ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ လူကူးခုံးကျော်တံတားများသည် မိုးတွင်းကာလတွင်ရေညှိများဖြင့်ချော်လဲခြင်း အခက်အခဲများရှိလာသည်ကိုတွေ့ရှိရပါသဖြင့် ရဟန်းရှင်လူ၊ ကျောင်းသား/သူများ၊ ပြည်သူများ အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်ရေးအတွက် မိုးရာသီအမီ အမိုးအကာများပြုလုပ်ပေးရန်အစီအစဉ််ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်း ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး က “ မေးမြန်းချက်နှင့်စပ်လျဉ်း၍ “ ကမာရွတ်မြို့နယ်အတွင်းရှိ လူကူးခုံးကျော်တံတား (၃) စင်းအနက်မှ အင်းစိန် လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးရှိ လူကူးခုံးကျော်တံတားကို ပြည်သူများကူးသန်းသွားလာမှု အဆင်ပြေစေရန်အတွက် တံတား အမိုးအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်လူကူးခုံးကျော်တံတား (၂)စင်းကိုလည်း နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြန်လည် ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *