Wednesday , August 12 2020
Breaking News
Home / မေးခွန်းများ / အလုံမြို့နယ်နှင့်အခြားသောမြို့နယ်များရှိ မြစ်ထွက်ပေါက်များဖြစ်သော ချောင်းကြီး၊ မြောင်းကြီးများတွင် အကာအရံ ဖြစ်စေသော မြေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

အလုံမြို့နယ်နှင့်အခြားသောမြို့နယ်များရှိ မြစ်ထွက်ပေါက်များဖြစ်သော ချောင်းကြီး၊ မြောင်းကြီးများတွင် အကာအရံ ဖြစ်စေသော မြေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် အလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က “ အလုံမြို့နယ်နှင့်အခြားသော မြို့နယ် များရှိ မြစ်ထွက်ပေါက်များဖြစ်သော ချောင်းကြီး၊ မြောင်းကြီးများတွင် အကာအရံဖြစ်စေသော မြေထိန်းနံရံတည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည် ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ အလုံမြို့နယ်မှ သုံးစွဲရေများအား ပုလဲနှင့် ငါးမြစ်ထွက်ပေါက်၊ သစ်တောမြစ်ထွက်ပေါက်နှင့် ဟာဘိချောင်း မြစ်ထွက်ပေါက်များတစ်ဆင့် လှိုင်မြစ်အတွင်းသို့ စွန့်ထုတ် ပေးလျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သစ်တောမြစ်ထွက်ပေါက် မြေထိန်းနံရံ ( ၂ × ၁၀၀၀ × ၁၂) ပေ ဟာဘိချောင်း မြစ်ထွက်ပေါက် မြေထိန်းနံရံ (၂×၂၀၀၀× ၁၂)ပေ ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘဏ္ဍာရေးနှစ်များအလိုက် ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ်မူတည်၍ မြစ်ထွက်ပေါက် ရေလမ်းကြောင်းများနှင့် ချောင်းကြီးမြောင်းကြီးများတွင် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂ ×၁၇၀ × ၁၂) ပေ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဖို့မြေမြောင်းမြေထိန်းနံရံပြုပြင်ခြင်း ( ၂ × ၁၀၀၀ ×၁၀) ပေ ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် သစ်တောမြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၉၅၀× ၇)ပေ ၊ O2 မြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၉၅၀×၇)ပေ ၊ ဒေါ်သိန်းတင်မြောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၂၁၀၀×၇) ၊ နတ်ချောင်းမြေထိန်းနံရံပြုလုပ်ခြင်း (၂၆၁၀ × ၇) ပေ ၊သာကေတမြို့နယ်၊ အမှတ်(၃) မြစ်ထွက်ပေါက် မြေထိန်းနံရံပြု လုပ်ခြင်း (၂×၄၀၀×၇)ပေ၊ ကမာရွတ်မြို့နယ်ရှိ ကမာရွတ်ချောင်း မြေထိန်းနံရံ ပြုလုပ်ခြင်း (၂×၅၀၀×၉) ပေ၊ လှိုင်မြို့နယ်ရှိ ပိတောက်ချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၀၀၀×၈)ပေ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါပုံမြို့နယ်၊ မိတ္တဗလမြစ်ထွက် ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂x ၉၇၇ × ၁၂) ပေ၊ လှိုင်မြို့နယ် သမိုင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၅၀၀×၈) ပေ၊ မင်္ဂလာဒုံမြို့နယ် ဓနင်းရိုးချောင်း မြေထိန်းနံရံ ပြုလုပ်ခြင်း (၂×၅၀၀×၁၂)၊ ဗိုလ်မင်းရောင်မြောင်း မြေထိန်းနံရံပြုပြင်ခြင်း (၁၀၀၀ × ၉) ပေ၊ ရန်ကင်းမြို့နယ်၊ ဆည်မြောင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၃၉၀ × ၆) ၊ လှိုင်မြို့နယ်၊ သမိုင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၁၀၀ × ၉) ပေ ၊ မရမ်းကုန်းမြို့နယ်၊ ခရမ်းချောင်းမြေထိန်းနံရံပြုလုပ်ခြင်း (၁၂၀၀ × ၈) ပေ၊ အင်းစိန်မြို့နယ်၊ ရိုးကြီးချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၀၀၀×၁၀) ပေ၊ ကသွယ်ချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၀၀×၁၀)ပေ ၊ ရွာမချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၅၀၀×၁၀)ပေ တို့အား ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် မြေပဒုတ်ချောင်း မြေထိန်းနံရံ ပြုလုပ်ခြင်း (၂×၇၅×၁၂) ပေ၊ တောင်လုံးပြန်ရပ်ကွက် မြစ်ကမ်းထိန်းနံရံပြုလုပ်ခြင်း (၈၀၀) ပေ၊ သာကေတမြို့နယ် အမှတ် (၄) မြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၃၀၀×၁၂) ပေ၊ ကမာရွတ်မြို့နယ် ဟံသာဝတီ မြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၂၅၀×၁၅)ပေ၊ လှိုင်မြို့နယ် သမိုင်းချောင်းမြေထိန်းနံရံ ပြုလုပ်ခြင်း (၁၇၀၀ ×၉) ပေ၊ မရမ်းကုန်းမြို့နယ် သမိုင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂၀၀၀ × ၉) ပေ၊ အောင်သိဒ္ဓိချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၁၈၀၀ × ၉) ပေတို့အား ဆောင်ရွက်ရန် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ထားရှိပြီး အလုံမြို့နယ်နှင့်အခြားမြို့နယ်များတွင် ဆောင်ရွက်ရန် ကျန်ရှိသောမြစ်ထွက်ပေါက် ရေလမ်းကြောင်းများနှင့် ချောင်းကြီးမြောင်းကြီးများတွင် မြေထိန်းနံရံတည်ဆောက်ပေးရန် လိုအပ်သည့်နေရာများအား လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်လျာထား ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။
(unicode)
ရန်ကုန်၊ ဇူလိုင် လ၊ ၃ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် အလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က “ အလုံမြို့နယ်နှင့်အခြားသော မြို့နယ် များရှိ မြစ်ထွက်ပေါက်များဖြစ်သော ချောင်းကြီး၊ မြောင်းကြီးများတွင် အကာအရံဖြစ်စေသော မြေထိန်းနံရံတည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည် ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ အလုံမြို့နယ်မှ သုံးစွဲရေများအား ပုလဲနှင့် ငါးမြစ်ထွက်ပေါက်၊ သစ်တောမြစ်ထွက်ပေါက်နှင့် ဟာဘိချောင်း မြစ်ထွက်ပေါက်များတစ်ဆင့် လှိုင်မြစ်အတွင်းသို့ စွန့်ထုတ် ပေးလျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သစ်တောမြစ်ထွက်ပေါက် မြေထိန်းနံရံ ( ၂ × ၁၀၀၀ × ၁၂) ပေ ဟာဘိချောင်း မြစ်ထွက်ပေါက် မြေထိန်းနံရံ (၂×၂၀၀၀× ၁၂)ပေ ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘဏ္ဍာရေးနှစ်များအလိုက် ဘဏ္ဍာငွေခွဲဝေရရှိှမှုပေါ်မူတည်၍ မြစ်ထွက်ပေါက် ရေလမ်းကြောင်းများနှင့် ချောင်းကြီးမြောင်းကြီးများတွင် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂ ×၁၇၀ × ၁၂) ပေ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဖို့မြေမြောင်းမြေထိန်းနံရံပြုပြင်ခြင်း ( ၂ × ၁၀၀၀ ×၁၀) ပေ ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် သစ်တောမြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၉၅၀× ၇)ပေ ၊ O2 မြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၉၅၀×၇)ပေ ၊ ဒေါ်သိန်းတင်မြောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၂၁၀၀×၇) ၊ နတ်ချောင်းမြေထိန်းနံရံပြုလုပ်ခြင်း (၂၆၁၀ × ၇) ပေ ၊သာကေတမြို့နယ်၊ အမှတ်(၃) မြစ်ထွက်ပေါက် မြေထိန်းနံရံပြု လုပ်ခြင်း (၂×၄၀၀×၇)ပေ၊ ကမာရွတ်မြို့နယ်ရှိ ကမာရွတ်ချောင်း မြေထိန်းနံရံ ပြုလုုပ်ခြင်း (၂×၅၀၀×၉) ပေ၊ လှိုင်မြို့နယ်ရှိ ပိတောက်ချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၀၀၀×၈)ပေ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါပုံမြို့နယ်၊ မိတ္တဗလမြစ်ထွက် ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂x ၉၇၇ × ၁၂) ပေ၊ လှိုင်မြို့နယ် သမိုင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၅၀၀×၈) ပေ၊ မင်္ဂလာဒုံမြို့နယ် ဓနင်းရိုးချောင်း မြေထိန်းနံရံ ပြုလုပ်ခြင်း (၂×၅၀၀×၁၂)၊ ဗိုလ်မင်းရောင်မြောင်း မြေထိန်းနံရံပြုပြင်ခြင်း (၁၀၀၀ × ၉) ပေ၊ ရန်ကင်းမြို့နယ်၊ ဆည်မြောင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၃၉၀ × ၆) ၊ လှိုင်မြို့နယ်၊ သမိုင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၁၀၀ × ၉) ပေ ၊ မရမ်းကုန်းမြို့နယ်၊ ခရမ်းချောင်းမြေထိန်းနံရံပြုလုပ်ခြင်း (၁၂၀၀ × ၈) ပေ၊ အင်းစိန်မြို့နယ်၊ ရိုးကြီးချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၀၀၀×၁၀) ပေ၊ ကသွယ်ချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၁၀၀×၁၀)ပေ ၊ ရွာမချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂×၅၀၀×၁၀)ပေ တို့အား ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် မြေပဒုတ်ချောင်း မြေထိန်းနံရံ ပြုလုပ်ခြင်း (၂×၇၅×၁၂) ပေ၊ တောင်လုံးပြန်ရပ်ကွက် မြစ်ကမ်းထိန်းနံရံပြုလုပ်ခြင်း (၈၀၀) ပေ၊ သာကေတမြို့နယ် အမှတ် (၄) မြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၃၀၀×၁၂) ပေ၊ ကမာရွတ်မြို့နယ် ဟံသာဝတီ မြစ်ထွက်ပေါက် မြေထိန်းနံရံပြုလုပ်ခြင်း (၂×၂၅၀×၁၅)ပေ၊ လှိုင်မြို့နယ် သမိုင်းချောင်းမြေထိန်းနံရံ ပြုလုပ်ခြင်း (၁၇၀၀ ×၉) ပေ၊ မရမ်းကုန်းမြို့နယ် သမိုင်းချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၂၀၀၀ × ၉) ပေ၊ အောင်သိဒ္ဓိချောင်း မြေထိန်းနံရံပြုလုပ်ခြင်း (၁၈၀၀ × ၉) ပေတို့အား ဆောင်ရွက်ရန် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ထားရှိပြီး အလုံမြို့နယ်နှင့်အခြားမြို့နယ်များတွင် ဆောင်ရွက်ရန် ကျန်ရှိသောမြစ်ထွက်ပေါက် ရေလမ်းကြောင်းများနှင့် ချောင်းကြီးမြောင်းကြီးများတွင် မြေထိန်းနံရံတည်ဆောက်ပေးရန် လိုအပ်သည့်နေရာများအား လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်လျာထား ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *