Wednesday , August 12 2020
Breaking News
Home / ပြန်ကြားရေး / သတင်း / ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်အားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးခန့်အပ်ကြောင်း လွှတ်တော်သို့ တင်ပြခြင်း၊ ကတိသစ္စာပြုခြင်းနှင့် မှတ်တမ်းတင်ခြင်

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်အားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးခန့်အပ်ကြောင်း လွှတ်တော်သို့ တင်ပြခြင်း၊ ကတိသစ္စာပြုခြင်းနှင့် မှတ်တမ်းတင်ခြင်

 
(Unicode)
ရန်ကုန်၊ ဇူလိုင် လ၊ ၃ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)တို့ပါ ပြဌာန်းချက်များအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်အားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည်အား နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၂၄/၂၀၁၉)ဖြင့် နိုင်ငံတော်သမ္မတကခန့်အပ် တာဝန်ပေးအပ်ပြီးဖြစ်ကြောင်းကို လွှတ်တော်သို့ တင်ပြခဲ့ပြီး ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၅၅ နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်အားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးမှ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဒေါ်မိုးမိုးစုကြည်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်အားအရင်းအမြစ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကင်းအိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲကျင်းပ

  ရန်ကုန် ၊ အောက်တိုဘာလ ၉ ရက် ၊ ၂၀၁၉ ၈.၁၀.၂၀၁၉ ရက်နေ့  (၁၄:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ Media Corner၌  …

Leave a Reply

Your email address will not be published. Required fields are marked *