Wednesday , August 12 2020
Breaking News
Home / မေးခွန်းများ / ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မူလမြို့ကွက်ပြ မြေပုံပေါ်တွင် ရာဇဓိရာဇ်လမ်းကို ပြန်လည်ဖော်ထုတ်ပြီး လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း


 
(unicode)
ရန်ကုန်၊ ဇူလိုင် လ၊ ၃ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က “ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မူလမြို့ကွက်ပြမြေပုံပေါ်တွင် ရာဇဓိရာဇ်လမ်းကို ပြန်လည်ဖော်ထုတ်ပြီးလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း လွှဲပြောင်းပေးရန်ကျန်ရှိနေသော မြေစီမံခန့်ခွဲမှုများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်လက်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၄င်းမြေစီမံ ခန့်ခွဲမှုများ လွှဲပြောင်းလက်ခံခြင်း ဆောင်ရွက်ပြီးပါက နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ရာဇဓိရာဇ် လမ်းအား အပိုင်းလိုက် ပြန်လည်ဖော်ထုတ် ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *