Saturday , September 26 2020
Breaking News

သုတေသနဆိုင်ရာ သတင်းအချက်အလက်များ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ ပုံမှန်အစည်းအဝေး(၂၆/၂၀၁၉) ကျင်းပ

  ရန်ကုန် ၊ အောက်တိုဘာလ ၁၀ ရက် ၊ ၂၀၁၉ ခုနှစ်   ၁၆.၁၀.၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရုံးခန်း၌ ပုံမှန်အစည်းအဝေး(၂၆/၂၀၁၉)အား ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read More »

ဥပဒေကြမ်းကော်မတီအစည်းအဝေးအမှတ်စဉ်(၇၀/၂၀၁၉)အားကျင်းပပြုလုပ်

  ရန်ကုန်             ၊  အောက်တိုဘာလ ၁၆ ရက် ၊ ၂၀၁၉ ခုနှစ် ၁၆.၁၀.၂၀၁၉ ရက်နေ့ ၊ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးသော်တာအောင်နှင့် …

Read More »

လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီမှ လှိုင်မြို့နယ်၊ မဟာဆွေကွန်ဒိုကိစ္စ

      ရန်ကုန်             ၊ အောက်တိုဘာလ ၁၀  ရက် ၊ ၂၀၁၉ ၁၀.၁၀.၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီမှ (၁၂:၀၀) နာရီအထိ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသာအောင် ၊ အတွင်းရေးမှူး ဦးညီညီနှင့် ကော်မတီအဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ မဟာဆွေကွန်ဒိုတွင် နေထိုင်ကြသူများနှင့် IGreen Developer တည်ဆောက်သူတို့ကြား အငြင်းပွားနေမှု တင်ပြစာကိစ္စနှင့် စပ်လျဉ်း၍ ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Read More »